မြန်မာဘောလုံးချစ်ပရိသတ်ကြီး ရင်ထဲမှာတော့ အောင်သူကတော့ ထာဝရအမြဲရှိနေမှာပါ။မြန်မာလက်ရွေးစင်အသင်းအတွက် ဂိုးပေါင်းများစွာသွင်းယူပေးနေသူလေးလည်းဖြစ်ပါတယ်။ မြန်မာအသင်းအတွက်တော့ မရှိမဖြစ် လိုအပ်သော ကစားသမားကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။သူရဲ့ သွင်းဂိုးတွေကြောင့် မြန်မာအသင်း အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေများစွာရှိနေပါတယ်။

ယနေ့ မေလ (၂၂)ရက်နေ့ကတော့ မြန်မာလက်ရွေးစင် အသင်းရဲ့ အာထားရသော အောင်သူရဲ့ အသက် (၂၂)နှစ်ပြည့် မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ အောင်သူကတော့ ထိုင်လိဒ်ဝမ်းမှာသွားရောက် ကစားနေပြီး ခြေစွမ်းပြနေတာကြောင့် မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုသာမက ထိုင်းပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုပါ ရရှိနေသူလေးလည်းဖြစ်ပါတယ်။ 

အောင်သူကတော့ မင်းသမီးချောလေး သရုပ်ဆောင်ပိုးအိအိခန့်နဲ့ ချစ်ကြိုက်နေပြီး သူတို့ချစ်သူနှစ်ဦးကတော့ ရန်ဖြစ်တာလေးတောင် မရှိပါဘူး။ သူရဲ့ ရိုးသားပြီးကြိူးစားလှတဲ့ စိတ်ဓာတ်လေးကြောင့် မြန်မာပရိသတ်တွေသာမက ထိုင်းပရိတ်တ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုခံနေရပါတယ်။ ပရိသတ်အချစ်တော်ကြီးအောင်သူရဲ့ ၂၂နှစ်ပြည့်မွေးနေ့လေးမှာ ဘောလုံးချစ်ပရိသတ်ကြီးလည်း မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ကြရအောင်လားခင်ဗျာ။

Source : Aung Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။