မော်ဒယ်နဲ့သရုပ်ဆောင် နဒီဝင့်နိုင် ၊ ပွင့်နဒီမောင်နဲ့ မြခွာညိုတို့ သူငယ်ချင်း၃ ယောက်က မဲဆောက်မြို့ကိုရောက်ရှိနေပါတယ် ။ သူမတို့ ၃ယောက်က မြဝတီမြို့ ဘုရားထီးတော်တင်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြတာပါ ။ အဲဒီနောက်မှာသူမတို့ ၃ယောက်ဟာ မဲဆောက်မြို့ကို လျှောက်လည်ခဲ့ကြတာပါ ။

သူမတို့ ဟာ အနုပညာလောမှာ ပရိသတ်အသိမှတ်ပြုမှုရရှိပြီးသား အနုပညာရှင် ၃ ယောက်ဘဲဖြစ်ပါတယ် ။ သူမတို့၃ယောက်က ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ အရမ်းကို လန်းဆန်းတက်ကြွနေကြတာပါ ။ သူမတို့ကိုကြည့်ရတာ ခရီးထွက်လာ ရလို့စိတ်လွတ်ကို ယ်လွတ်ပျော်ရွှင်နေကြပုံရပါတယ် ။ အလန်းစားဖက်ရှင်တွေဘဲ ဝတ်လေ့ရှိတဲ့သူမတို့ ၃ယောက်က အခုတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဝတ်စုံလေးတွေနဲ့ လွတ်လပ်ပေါ့ပါးနေကြပါတယ် ။

သူမတို့ ၃ယောက်လျှောက်လည်နေတဲ့ပုံရိပ်တွေကို မြခွာညိုက သူမရဲ့လူမှုကွ န်ယက်စာ မျက်နှာကနေ ဖော်ပြခဲ့တာဘဲဖြစ်ပါတယ် ။ ပို့စ်ပေးကောင်းတဲ့ သူမတို့ သုံးယောက်ရဲ့ ပုံရိပ် တွေကတော့ အလန်းဘဲနော် ။ သူမတို့နတ်မိမယ်လေး ၃ယောက်ရဲ့အလှပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Mya Kwar Nyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။