ဂျဲနက်ဂျက်ဆင်ကတော့ ဘီလ်ဘော့ဒ် ဂီတ ထူးချွန်ဆုပွဲမှာ ဂီတအိုင်ကွန်တစ်ယောက် အဖြစ် အသိအမှတ်ပြု ဆုချီးမြှင့်ခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။ ကွယ်လွန်သူ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ညီမ တော်စပ်သူလည်းဖြစ်တဲ့ ဂျဲနက်ဂျက်ဆင်ကတော့ အနုပညာ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက လိင်ပိုင်း ကျူးလွန် တိုက်ခိုက်မှုတွေ အပေါ် အပြင်းအထန် ရှုတ်ချ ပြောဆို ခဲ့ပါတယ်လို့သိရပါတယ်။

ဒါ့အပြင် ဂီတလောကမှာ ကိုယ်တိုင်လည်း တေးရေး တေးဆို အဖြစ် နှစ်ပေါင်းများစွာ အောင်မြင်မှု ရခဲ့တဲ့ ဂျဲနက်ဂျက်ဆင်က #MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်း ရပ်တည် ပြောဆိုခဲ့ပါသေးတယ်။

#MeToo လှုပ်ရှားမှုဆိုတာကတော့ လိင်ပိုင်း ကျူးလွန် စော်ကားမှု၊ အနိုင်ကျင့်မှုတွေကို ကြုံတွေ့ ခံစား ခဲ့ရသူတွေက ထုတ်ဖော် ဝန်ခံလာပြီး၊ သူတို့ အပေါ် စာနာကြောင်းနဲ့ လိင်ပိုင်း ဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာတွေပေါ် ကနေတဆင့် ဖော်ပြကြရင်းသား နိုင်ငံတကာနဲ့ချီ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

ဂျဲနက်ကတော့ အမျိုးသမီးတွေ အနေနဲ့ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှု၊ အမြတ်ထုတ်မှု၊ အနိုင်ကျင့်မှု မျိုးတွေကိုမှ လက်သင့် မခံတော့ပါဘူး။ မိမိရဲ့လွတ်လပ်မှုကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသလို့နေရတဲ့ ဂုဏ်ယူစဖွယ် ခေတ်ကြီးထဲမှာနေထိုင်နေရတဲ့အတွက် ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။ ဒါပေမယ့် အားနွှဲ့သူတွေကို သားကောင်အဖြစ်ထားကာ စော်ကားမော်ကားပြုလုပ်နေသူတွေကိုတော့ အရမ်းရွံရှာ မိတယ်လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။