ပရိသတ်အချစ်တော် အဆိုတော်တွေထဲမှာ အသံကောင်းကောင်းနဲ့ သီဆိုတက်တဲ့ အိမ့်ချစ်နဲ့အောင်ထက်ကိုတော့ အားလုံးကြိုက်မယ်ထင်ပါတယ်။ ဂီတလောကမှာ နာမည်ရအဆိုတော်တွေဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတွေပဲဖြစ်ပါတယ်။ 

အောင်ထက်နဲ့ အိမ့်ချစ်တို့ကတော့ လက်ရှိ MTV ရိုုက်ကူးမှုအပါအဝင်အခြားကြော်ငြာများအတွက် ခရီးထွက်နေတာတွေ့ရပါတယ်။ ဒီကနေ့ အိမ့်ချစ်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ငွေဆောင်ကမ်းခြေရောက်အမှတ်တရဓာတ်ပုံလေးတွေပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံလေးတွေထဲမှာတော့ ညနေဆီးဆာအလှနှင့်အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအပါအဝင် K Resort Hotelရဲ့ အလှရူခင်းတွေတောင်ပါဝင်နေတာတွေ့ရပါတယ်။ 

ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ သူမရဲ့ အပြုံးလေးတွေကြောင့် ချစ်ပရိသတ်တွေကိုအချစ်ပိုစေမယ်ထင်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ဒီကနေ့ ပြသထားတဲ့ အိမ့်ချစ်ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။