နော်ဖောအယ်ထားက လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ သူမရဲ့ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးချိုချိုလေးတွေကြောင့် လူသိများခဲ့တဲ့ ကရင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ် ပါတယ် ။ နောက်ပိုင်းမှာတော့ သူမရဲ့အလှကြောင့် အနုပညာအလုပ်တွေလုပ်ဖို့ ကမ်း လှမ်းခံခဲ့ရတာပါ ။ စိုင်းစိုင်းရဲ့ အလှကုန်ပစ္စည်းကြော်ငြာအတွက် တက္ကသိုလ် Queen တစ်ယောက် ကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရပြီး အနုပညာလောကထဲ ရောက်ရှိ လာခဲ့သူဖြစ် ပါတယ်။

မန္တလေး MUFL တက္ကသိုလ်ကိုယ်စားပြု အလှမယ်လေးဖြစ်ပြီး စကားသံဝဲဝဲလေးနဲ့ ချစ် စရာကောင်းတဲ့တိုင်းရင်းသူလေး တစ်ဦးဖြစ်ပါတယ်။သူမက ရှမ်းပြည်နယ် ဇာတိကဖြစ်ပြီ လက်ရှိမှာတော့ စင်္ကာပူမှာကျောင်းတက်နေပြီး ၂လ ၃လလောက်နေမှ တစ်ခါပြန် လာဖြစ်တယ်လို့သိရပါတယ်။ သူမကကြော်ငြာ တွေ လက်ခံရိုက်ကူးနေပြီး ပရိသတ် အသိ မှတ် ပြုမှုကိုလည်းရရှိနေပြီဖြစ်ပါတယ် ။ သူမရဲ့ဖက်ရှင်တွေက ယဉ်ယဉ်လေးနဲ့ ချစ်စရာ ကောင်းတဲ့အပြင် သူမရဲ့ရိုးသားဖြူစင်တဲ့အပြုံးလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားနေသူလေး လဲ ဖြစ်ပါတယ် ။

အခုသူမက စင်္ကာပူမှာကျောင်းတက်နေတာဖြစ်ပြီး မြန်မာဝတ်စုံအနီရောင်လေးနဲ့ အလှ ပေါ် အယဉ်ဆင့်နေတဲ့သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ် ။ မြန်မာဝတ်စုံရင်ဖုံးအနီရဲရဲလေးနဲ့ ပုသိမ်ထီးဆောင်းထားတဲ့ သူမရဲ့ပုံရိပ်လေး တွေက ယဉ်တယ်ဆိုတာထက်ကို ပိုပြီး ကျက်သရေရှိရှိလှနေတာပါ ။ ကရင်တိုင်းရင်း သူလေး နော်ဖောအယ်ထားကို ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ ပုံရိပ်လေးတွေကို ပြန် လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Naw Phaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။