ကိုယ်ချစ်တဲ့ ဖူးစာရှင် က ဆံနွယ်လေးတွေကို ဂရုတစိုက် ယုယုယယနဲ့ ကိုင်တွယ်ပြုပြင်ပေးတာကို အမျိုးသမီးတိုင်း လိုချင်ကြမှာပါ။ ဒါ့အပြင် အမျိုးသမီးတော်တော်များများရဲ့ စိတ်ကူးယဉ်ဖူးစာရှင်က ယောကျာ်းပီသ တဲ့ ရုပ်ရည်ပိုင်ရှင်ရှိသူတွေဖြစ်ပါတယ် ။ဒီစိတ်ကူးအိမ်မက်တွေ ထပ်တူကျစေနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုကို Sowipanan Chotiwan ဆိုသူ က ထိုင်းနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ် ။

Sowipanan Chotiwan ဆိုတဲ့ အမျိုးသမီး ဟာ Sutteerak Hair Salon ကို ထိုင်းနိုင်ငံ Chanthaburi အရပ်မှာ ဖွင့်လှစ်ထားတာဘဲဖြစ်ပါတယ် ။Sowipanan Chotiwan တစ်ယောက် က သူ့ရဲ့ ဆိုင် ကြော်ငြာအတွက် ဆန်းသစ်တဲ့ Ideaတစ်ခုကို အမျိုးသမီးတွေအတွက် ဦးတည်မိတ်ဆက်ခဲ့ပါတယ်။ ဒါက တော့ တောင့်တင်းကျစ်လစ်ရုံသာမက ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ အားကိုးချင်စရာ အမျိုးသားဝန်ထမ်းတွေကို အသုံးပြုပြီး အမျိုးသမီးတွေအတွက် ဆံပင်အလှပြုပြင်ပေးတဲ့ ဝန်ဆောင်မှုဘဲဖြစ်ပါတယ် ။ ဒီဝန်ဆောင်မှုပေးတဲ့အမျိုးသားတွေဟာ သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်အပေါ်ပိုင်းအလှတွေကို ပြသထားပြီး အမျိုးသမီးတွေကို အလှအပဆိုင်ရာဝန်ဆောင်မှုပေးရတာဘဲဖြစ်ပါတယ်။ ကြွက်သားအဖုဖုအထစ်ထစ်တွေနဲ့ ယောကျာ်းပီသသူတွေရဲ့ ယုယုယယ ဆံပင်အလှပြုပြင်မှုကို ရရှိဖို့ အရေး နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့လည်းဆိုပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့သူမ အမျိုးသမီးတွေ ဘာကို လိုအပ်နေလဲဆိုတာကို ရှာဖွေတွေ့ရှိသွားလို့လားမသိပါဘူး ၊ သူမ ရဲ့ ဆိုင်ကတော့ ဝက်ဝက်ကွဲအောင်မြင်သွားခဲ့ပါတယ်။ 

Sowipanan Chotiwanပိုင်ဆိုင်တဲ့ Sutteerak Hair Salon ဟာ ဆံကေသာအလှပြုပြင်ခြင်း နဲ့မျက်ခုံးတက်တူးထိုးခြင်းတွေမှာ လက်ရာတိကျ ကောင်းမွန်လှတာမို့ အမျိုုးသမီးတွေကြားမှာ ရေပန်းစားပေမယ့် အခု ပြောင်းလဲလိုက်တဲ့ ကိုကိုစိတ်ကူးယဉ် ဆံကေသာအလှပြုပြင်ခြင်း ဝန်ဆောင်မှု ကတော့ တရှိန်ထိုးအောင်မြင်ခဲ့တာကြောင့် အလားတူဝန်ဆောင်မှုပေးတဲ့ ဆိုင်ခွဲနောက်တစ်ဆိုင် ထပ်မံဖွင့်လှစ်ခဲ့ရတယ်လိုဆိုပါတယ်။ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာအခုလိုဆိုင်လာဖွင့်ရင်တော့ ဝက်ဝက်ကွဲအောင်မြင်နိုင်မလား လို့ မေးခွန်းထုတ်လိုက်ပါရစေနော်။

Source - Sowipanan Chotiwan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။