နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းတစ်ယောက် နမ့်စမ်မြို့မှာသွားရောက် ဖျော်ဖြေနေတဲ့ သူမရဲ့ပုံရိပ်တွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ဝတ်စုံလေးနဲ့ သူမရဲ့ ပုံရိပ်တွေက တကယ်ကိုရင်သတ်ရှုမောဖွယ်ရာပါပဲ။ အမြဲတမ်းဖက်ရှင်အသစ်အဆန်းတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်ထားနိုင်တဲ့ အသံသြဇာကောင်းကောင်းနဲ့ အမျိုးသမီးအဆိုတော်တစ်ဦးပါပဲ။

သီချင်းခွေတွေလည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကို ရရှိထားသူ လည်းဖြစ်ပါတယ်။ အသံကောင်းကောင်းနဲ့သူမရဲ့ သီချင်းတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းပါတယ်။ ဖက်ရှင်အသစ်အဆန်းတွေတစ်ခုပြီးတစ်ခု ဖန်တီးတတ်တဲ့ သူမရဲ့ အိုင်ဒီယာ ဆန်းဆန်းလေးတွေက အမိုက်စားပါပဲ။ မနေ့ညကတော့ ပန်းရောင်ဖက်ရှင်လေးနဲ့ အလန်းစားပုံရိပ်တွေကတော့ ကြွေချင်စရာပါပဲ။

အထက်အောက်ပန်းရောင်ဝမ်းဆက်အင်္ကျ ီကိုဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ဖဲပြားပုံစံထုံး ဖွဲ့ထားတဲ့သူမရဲ့ပုံစံက သစ်ဆန်းနေပါတယ်။ ပရိသတ်တွေကလည်း အပြတ်အသတ်အားပေး ကြမ်းခဲ့ကြတဲ့ပုံရိပ်တွေက အားရစရာပါပဲ။ သူမကိုအားပေးတဲ့ပရိသတ်တွေကို " နမ့်စန်ပထမ ညရဲ့အမှတ်တရလေးတွေပါရှင် ကွင်းလုံးပြည့်လာအားပေးကြတဲ့ချစ်ပရိသတ်တွေကို ကျေး ဇူးအများကြီးတင်ပါတယ်ရှင့် " ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူရဲ့စင်ပေါ်က ဖျော်ဖြေမှု ပုံရိပ်တွေကို ပရိသတ်ကြီးအတွက တင်ဆက်ပေးလိုက်ပါတယ်။

Photo - Phyuphyukyawthein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။