တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Oppo ကုမ္ပဏီကတော့ ဖုန်းအရွယ်အစားကြီးကြီးမားမား ကိုင်ချင်တဲ့သူတွေ အတွက် Oppo A3 ကို ရောင်းချပေးတော့မှာပဲ ဖြစ်ပါတယ်။ ဒီဖုန်းကို မေလအတွင်မှာ စမတ်ဖုန်းဈေးကွက်ကို စတင်ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။ Oppo A3 မှာပါတဲ့ အချက်အလက်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

A3 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ ၆လက်မဝန်းကျင်ရှိတာကြောင့် ဖုန်းအရွယ်အစားကြီးကြီးကို ကိုင်ချင်တဲ့ သူတွေ အတွက်တော့ အထူး သင့်တော်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ အနောက်ကင်မရာပိုင်းမှာ 16 MP ပါရှပြီး Selfie ကင်မရာမှာတော့ 8MP ပါဝင်ပါတယ်။ ဖုန်းအရောင်ကတော့ ၄မျိုးထွက်ရှိမှာ ဖြစ်ပြီး မိမိကြိုက်နှစ်သက်မယ့်အရောင်ကို ရွေးချယ် ဝယ်ယူနိုင်မှာ ပဲ ဖြစ်ပါတယ်။  

RAM အနေနဲ့ကတော့ 4GB ဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမှာဆိုရင် တော့ 128 GB ပါဝင်ပါတယ်။ Android Version အနေနဲ့ကတော့ 8.1 Oreo ကို အသုံးပြုပေးထားပါတယ်။ စတင်ရောင်းချမယ့်ရက်ကို ကြေငြာထားပီးပေမယ့်လည်း ဈေးနှုန်းကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး ။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။