ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့အနုပညာရှင်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အားပေးမှုများစွာရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ သူမရဲ့ချစ်စရာကောင်းလှတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုချစ်စရာကောင်းနေပြီး အနက်ရောင်ဝမ်းဆက်လေးနဲ့ မြန်မာဆန်ဆန်လေးမို့ပရိသတ်တွေသဘောကျ နှစ်ကြိုက်မိလိမ့်မယ်လို့လည်းထင်ပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့ "ဟုတ်ကဲ့ကျမ တောခဏပြန်တာပါရှင့်"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိနေတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြဖို့ မမေ့နဲ့အုံးနော်....

သတင်းအရင်းအမြစ်-ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။