ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ရင်း ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူခဲ့တဲ့ ရန်အောင်တစ်ယောက် ။ သူ့ကို စိုးရိမ်နေကြတဲ့ ရန်အောင်ချစ်သူ ပရိသတ်တွေ ၊ ရုပ်ရှင်ချစ်သူ ပရိသတ်တွေအတွက် မစိုးရိမ်ကြဖို့ ထိုင်းနိုင်ငံကနေ သတင်းလေးပေးပို့လိုက်ကြောင်းသိရပါတယ်။ အထက်ပါအကြောင်းအရာကိုရန်အောင်တစ်ယောက် သူ့ရဲ့ လှုမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့တာပါ။ 

ချစ်သူ ခင်သူ မြတ်နိူးသူများ..မင်္ဂလာပါခင်ဗျာ..။ဒီနေ့ ကျမ္မာရေးအတွက် အားလုံးပုံမှန်ကောင်းမွန်ကြောင်း အဖြေရရှိခဲ့ပြန်ပြီ..။တစ်နှစ်တစ်ခါ ထိုးတဲ့ တုပ်ကွေး ကာကွယ်ဆေးလဲထိုးခဲ့ရ၏။တစ်နေကုန်ဘယ်ဘက်လက်မောင်းအောင့် နေရော..ခုတော့သက်သာသွားပြီ..။အဖြေသိချင်တဲ့ ချစ်သူများအတွက်စိတ်အေးရအောင်လို့ပါခင်ဗျာ.၊" လို့ ကိုရန်လေးက ပရိသတ်တွေစိတ်မပူဖို့ပြောထားလေရဲ့ ။ 

ကိုရန်လေးတစ်ယောက် အနှောင်အဖွဲ့တွေနဲ့ ကင်းကင်းရှင်းရှင်း ဖြစ်အောင် ထိုင်းနိုင်ငံအထိသွားပြီး အနားယူအပန်းဖြေနေတာ ပျော်စရာကြီးပါ ။ မကြာခင် ကာလမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်၇ှိလာတော့မှာဖြစ်တဲ့အတွက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုပြန်လည် မြင်တွေ့ရတော့မှာဘဲဖြစ်ပါတယ်။ ကိုရန်လေးတစ်ယောက် အဆင်ပြေပြေ ပြန်လည်ရောက်ရှိလာစေကြောင်း ဆုတောင်းပေးလိုက်ပါဦးနော်။

Source - Yan Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။