တစ်ချိန်ကနာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေသတိရနေမယ်လို့ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားတော်တော်များများရိုက်ကူးခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့အနုပညာလှုပ်ရှားမှုတွေကို လုံးဝမလုပ်ဆောင်တော့တာကိုတွေ့ရပါတယ်။

အနုပညာလှုပ်ရှားမှုတွေမရှိတော့ ပေမယ့်လည်း သူမရဲ့ပရိသတ်တွေကတော့ ယခုထိတိုင်ရှိနေဆဲဖြစ်ပါတယ်။သူမကတော့ လက်ရှိမှာ သာယာတဲ့မိသားစုလေးကို ဖြတ်သန်းနေရပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်းရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။

ယခုအခါမှာလည်း သူမနဲ့ ချစ်စရာကောင်းတဲ့သားလေးတို့ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။သင်ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့သားလေးကိုပိုင်ဆိုင်ထားရတာကြောင့်ပျော်ရွှင်မှုများစွာနဲ့ ပုံရိပ်လေးတွေကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း ပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-သင်ဇာနွယ်ဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။