ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ထူးလည်းထူးခြားသလို ကြောက်မက်ဖွာ်လည်းကောင်းတဲ့ ကျမ်းစာအုပ်ကြီးပအကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီကျမ်းစာအုပ်ကြီးရဲ့ နာမည်ကတော့ The Coex Gigas လို့ခေါ်ပြီး ကမ္ဘာ့အကြီးဆုံး အလယ်ခေတ် လက်ရေးမူကြမ်းကြိးလည်း ဖြစ်ပါတယ်။ ဒီကျမ်းစာအုပ်ကြီးကို သားရေနဲ့ ချုပ်လုပ်ထားပြီး စာအုပ်အထုက ၆လက်မလောက်ရှိပါတယ်။

စာအုပ်ရဲ့ထူးဆန်းတဲ့ အချက်ကတော့ ဒီကျမ်းစာ ကြီးထဲမှာ မကောင်းဆိုးရွား နတ်ဆိုးရဲ့ပုံည်း ထည့်ထားတာကြောင့် တချို့ကတော့ မကောင်းဆိုးရွား ကျမ်းစာလို့လည်း ခေါ်ကြပါတယ်။ ဒီစာအုပ်ကြီးကို ဘယ်သူကရေးခဲ့လဲဆိုတာကိုတော့ အခုအချိန်အထိ ဘယ်သူမှတိတိကျကျမသိကြပဲ ပါးစပ်ရာဇဝင်တွေပဲ ၇ှိနေတာပဲ ဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ဒီကျမ်းကြီးကို မရပ်မနားရေးရရင်တောင်မှ အချိန်ငါးနှစ်ထိကြာမယ်လို့လည်း သိရပါတယ်။

ဒီကျမ်းကြီးနဲ့ ပက်သတ်ပြီး အထင်ရှားဆုံးပါးစပ်ရာဇဝင်တစ်ခုကတော့ သေးဒဏ်ပေးခံရမယ့် ဘုန်းတော်ကြီးတစ်ပါးဟာ လူသားတွေအတွက် အသုံးဝင်စေမယ့် ကျမ်းတစ်စောင် ကိုရေးနိုင်ရင် အသက်ချမ်းသာရမယ်လို့ အခွင့်ရေးပေးခံရတာကြောင့် ဒီကျမ်းကြီးကိုရေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုဘုန်းကြီးအတွက် ကျမ်းတစ်စောင်ပြုစုဖို့ အချိန် တစ်ညတာပဲ ပေးတဲ့ အတွက်ကြောင့် မကောင်းဆိုးရွားနတ်ဆိုးကို ဆင့်ခေါ်ပြီး တညတည်း အပြီးရေးခဲ့ရတယ်လို့ သိရပါတယ်။ လူပြောများနေတဲ့ ဒီကျမ်းကြီးကို ဆွီဒင်နိုင်ငံ ရဲ့ အမျိုးသားပြတိုက်မှာ ပြသထားပြီး လေ့လာသူတွေများပြားလျက်ရှိတယ်လို့လည်း သိရပါတယ်။  

Source : Cantwait2say

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။