အိမ်ထောင်ပြုတော့မယ်လို့ဆုံးဖြတ်ထားတဲ့မိန်းကလေးတွေအနေနဲ့ စဉ်းစားသင့် တဲ့အချက် တွေများပြားလှပါတယ် ။ " အိမ်ထောင်ပြု ၊ ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုးဤ သုံး ချက် မျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး " ဆိုတဲ့မြန်မာစကားပုံလိုဘဲ ရှေ့တိုး ပြီးရင် နောက် ဆုတ်ဖို့ခက်တဲ့ကိစ္စရပ်တွေထဲမှာ အိမ်ထောင်ပြုတာ လည်းတစ်ခု အပါဝင်ဘဲ ဖြစ်ပါ တယ် ။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ မိမိတစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်လို့ပိုပြီး တောင်စဉ်းစားသင့်ပါတယ်။ အဲဒါကြောင့် ဒီအချက်လေးတွေကို အလေးပေးစဉ်းစားဖို့လိုပါတယ် ။

သူ့မိသားစုကိုလည်းလေ့လာဖို့လိုပါတယ်

သမီးရည်းစားဘဝမှာ အချစ်တွေမွှန်ပြီး အပေါ်ယံ ရေပေါ်ဆီဆက်ဆံရေးမှာသာယာလို့ အတွင်းကျကျ သူ့အကြောင်းတွေ မြင်အောင်မကြည့်နိုင်ခဲ့ဘူးဆိုရင် ကိုယ်ညံ့လို့ဖြစ်ပါတယ်။ သူနဲ့ တဘဝစာလက်တွဲချင်တယ်ဆို သူ့အကြောင်းသိဖို့အပြင် သူ့မိသားစုေ တွရဲ့ စိတ်ထား ၊ စာရိတ္တနဲ့ ပြုမူနေထိုင်ဆောင်ရွက်ပုံတွေ ၊ ကိုယ့်အပေါ်ဆက်ဆံမှုတွေဟာ ရေရှည်မှာ ကိုယ်နဲ့ကိုက်ညီမှု ရှိမရှိ ၊ သူ့အပြင် သူ့မိသားစုတွေကိုလည်း ကိုယ့်မိသားစုဝင်တွေကို သဘောထားနိုင်မှု ရှိမရှိ ၊ တဘဝစာ ဆွေမျိုး အသိုင်းအဝန်းတွေ အဖြစ် ပေါင်းစ ပ်သွား နိုင်မှု  ရှိမရှိ ဆိုတာတွေကိုလည်း လေ့လာအကဲဖြတ်ရဦးမယ်လေ။ ချစ်တာတခုပဲ ဦးထိပ် ထား လို့ သူနဲ့ ရွှေလက်တွဲလို့ ဘဝတခုတည်ဆောက်ပြီးကာမှ ဘွာတေး မှားသွား လို့ဆို ရင် အပျို ၊ လူပျိုဘဝနဲ့ ခြေလှမ်းပြန်နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ရန်ဖြစ်စကားများတိုင်းလုပ်တတ်တဲ့အပြုမူတွေကိုလေ့လာပါ

ရည်းစားဘ၀ တွေ့ဆုံနေချိန်မှာတောင် စကားများရန်ဖြစ်နေရရင် ၊ သဘောထားအမြင်တွေ ကွဲလွဲမှုကြီး အတိုင်းသားဖြစ်နေတာတွေ ၊ ခံယူချက်ပြောင်းပြန်ဖြစ်နေတာတွေ ၊ စကားများ ရန်ဖြစ်တိုင်း သူပြောတဲ့စကားတွေ ၊ အပြုအမူတွေဟာ ကိုယ့်အပေါ် ငဲ့ညှာထောက်ထားမှု ရှိမရှိဆိုတာတွေ ၊ ကိုယ့်ဘက်က အကျိုးအကြောင်း ခိုင်လုံစွာ ရှင်းပြသည့်တိုင်အောင် နားလည်ပေးနိုင်မှုရှိမရှိ ၊ ညှိနှိုင်းမှုရှိမရှိ ၊ သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိမရှိ ဆိုတာတွေကို သမီးရည်းစားဘဝမှာ ကိုယ့်အချစ်တွေ ၊ ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။

သူကကိုယ့်ရဲ့အဖော်မွန်ကောင်းဖြစ်နိုင်ရဲ့လား

အဖော်မွန်ကောင်းဆိုတာ တဘဝလုံးစာ သင့်နံဘေးမှာ ကောင်းကောင်းဆိုးဆိုး ရှိပေးနေမယ့်သူ မျိုးကိုဆိုလိုတာပါ ။သင်နဲ့အတူ ဘဝတိုက်ပွဲ အတူဝင်နွှဲမယ့်သူ ၊ ကိုယ်အားနည်းရင် ကိုယ့်ကူပြီး သူအားနည်းရင် ကိုယ်စိတ်ပူမစိုးလို့ အခြေအနေဆိုးတွေမှာ တောင့်ခံပြီး ကိုယ့်ကိုအားပေးတတ်သူ မျိုးက အဖော်မွန်ကောင်းလို့ဆိုနိုင်ပါတယ် ။ သူ့အပူ ကိုယ့်အပူခွဲမနေဘဲ အတူမျှဝေယူတတ်ပြီး ၊ တဘဝစာလက်တွဲဖို့ ရည်ရွယ်လက်တွဲခဲ့တာမို့ အချိန်တွေဘယ်လိုပြောင်းပြောင်း ချစ်စိတ်က ပြောင်းမသွားတတ်သူ တွေဟာ အိုလာတာလည်းလက်ခံ ၊ နာလာတာလည်းလက်ခံလို့ ကိုယ့်လက်ကို မြဲမြဲတွဲထားသူပါ။

သင့်အိမ်ထောင်ဘက်ကရော အဖော်မွန်ကောင်းဖြစ်နိုင်သာသေချာရဲ့လား ဆိုတာ ဆန်းစစ်သင့်ပါတယ် ။

Source : Burmesehearts.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။