သန်းပိုင်ကတော့ဘောလုံးသမားလေးတစ်ယောက်ဆိုပေမယ့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန့်မာဘောလုံးလောကကို တိုးတက်လာစေနိုင်ဖို့အတွက် ရေကုန်ရေခမ်းကြိုးစားနေတဲ့ သန်းပိုင်အတွက်ကတော့ အနားကနေ ဖေးမကူညီပေးမယ့် ချစ်သူလေးတစ်ယောက်ကတော့ လိုအပ်လှပါတယ်။

ဒီကနေ့မှာဆိုရင်လည်း သန်းပိုင်ဟာ သူရဲ့ Instagram ကနေ မွေးနေ့ဆုတောင်းစကားလေးတစ်ခုပြောကြားခဲ့တာတွေ့ရပါတယ်။ ထိုစကားလေးကတော့ သန်းပိုင်ဟာ သူ့ရဲ့ချစ်သူကောင်မလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပြီး ပြောကြားခဲ့တာလေးကတော့ “ဒီနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး နောင်လာမဲ့ မွေးနေ့တိုင်း တူတူဒီလိုလေးဖြတ်သန်းနိုင်ပါရစေ” ဆိုတာလေးပဲဖြစ်ပါတယ်။

ချစ်သူတိုင်းကတော့ မိမိချစ်ရသူနဲ့ အမြဲအတူတူနေချင်ကြတဲ့ သူတွေကြီးပဲဆိုပေမယ့် သံယောဇဉ်တွေ ပေးဆပ်နားလည်မှုတွေကတော့ လိုအပ်ပါတယ်။ သန်းပိုင်တို့ချစ်သူနှစ်ဦးကိုလည်း တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ ဘဝဆုံးတိုင်လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြဦးနော် ပရိတ်သတ်ကြီးရေ။

source - Than Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။