နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်တစ်ယောက် ငွေဆောင်ကမ်းခြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အဝါရောင်ကိုယ်ကျပ်ဝတ်စုံ လေးနဲ့ သူမရဲ့ပုံရိပ်လေးတွေက ချစ်စရာကောင်းလွန်းပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်နဲ့ ဂီတလမ်းကြောင်းပေါ် မှာလျှောက်လှမ်းခဲ့ တာအချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူချစ်ကောင်းရဲ့ ခြေရာကိုအပြည့်အဝနင်းနိုင်တဲ့ သမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။

မိသားစုကို အသက်ဆယ့်လေးနှစ်အရွယ်ကတည်းက စောင့်ရှောက်ခဲ့တယ်လို့လည်း သူမကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမရဲ့ နာမည်နဲ့အကောင့်အတုပြုလုပ်ကာ နာမည်ကျော်မင်းသမီးတွေရဲ့ပုံနဲ့ fan ခွဲတဲ့ပုံစံလုပ်ခဲ့တာကြောင့် သူမအနေနဲ့ စိတ်အနှောက် အယှက်ဖြစ်ခဲ့ရပါ သေးတယ်။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့အားပေး မှုကို အပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်။

ညိုချောလေးဖြစ်တဲ့ အိမ့်ချစ်တစ်ယောက် Free Style လေးနဲ့ အမိုက်စားပုံရိပ်တွေရိုက်ကူး ထားတာပဲဖြစ်ပါတယ်။ အဝါရောင်လက်ပြတ်အင်္ကျ ီ လေးကို ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံရိပ်တွေမှာ ပေါ့ပါးလွတ်လပ်မှုတွေကို မြင်တွေ့ရပါတယ်။ ညိုချောတွေ ချောရင် ဖြူချောတွေလိုက်မမှီဘူးဆိုတဲ့စကားလေးနဲ့ညီနေတဲ့ အိမ့်ချစ်ရဲ့ပုံရိပ် လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။