နိုင်ငံကျော်တေးသံရှင် ဆောင်းဦးလှိုင်ကတော့ အလွမ်းအဆွေးသီချင်းလေးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု တွေများစွာရရှိထားတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။လက်တလောမှာလည်း ဆောင်းဦးလှိုင်ရဲက သီချင်း အသစ်လေးတစ်ပုဒ်ဟာ လူမှုကွန်ယက်မှာအရမ်းကို ရေပန်းစားနေပြီး လူများလျက်ရှိပါတယ်။သီချင်းလေးရဲ့ အကြောင်းအရာလေးကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်းဆန်းစုကြည်အတွက် ရည်စူးရေးစပ် သီ ကုံးထားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

ဇွန်လ(၁၉)ရက်နေ့မှာကျရောက်မယ့် ဒေါ်ဆောင်းဆန်းစုကြည်ရဲ့(၇၃)နှစ်ပြည့်မွေးနေ့လေးအတွက် ရည်စူးပြီး ဂုဏ်ပြုရေးစပ်ထားတာပဲ ဖြစ်ပါတယ်။သီချင်းနာမည်လေးကတော့ “အမေ(၂၀၁၈)ဆိုတဲ့ သီချင်းခေါင်းစဉ် လေ ဖြစ်ပြီး တကယ်ကိုရင်ထဲထိတဲ့ စာသားတွေနဲ့ရေးစပ်ထားတဲ့ဒီသီချင်းလေးကတော့ မွေးနေ့ဂုဏ်ပြုရုံ သက် သက်မဟုတ်ပဲ အများရဲ့ခံစားချက်တချို့ထည့်ရေးခဲ့ပါတယ်လို့ ဆိုပါတယ်။ 

အရင်နှစ်တွေမှာလည်း အမေစုမွေးနေ့အတွက် အမှတ်တရအဖြစ်နဲ့ သီချင်းလေးတွေ ရေးစပ်သီဆိုခဲ့တာပဲ ဖြစ်ပါ တယ်။ ဆောင်းဦလှိုင်ရဲ့သီချင်လေးကတော့ ပရိသတ်တွေအရမ်းကို သဘောကျနေကြပြီး လူမှုကွန်ယက်မှာကြ ည့်ရှု့သူသောင်းကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။နားထောင်သူတိုင်းရင်ထဲထိရှသွားရတဲ့ စာသားလေးတွေနဲ့ ဆောင်းဦး လှိုင်ရဲ့ မွေးနေ့ ဂုဏ်ပြုသီချင်းလေးကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဆောင်းဦးလှိုင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။