မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေထဲမှာ မြွှေမင်းသမီးတွေကို အခြေခံတဲ့ ဇာတ်လမ်းတွေပါဝင်ပါတယ်။ မြွေဇာတ်လမ်းတွေမှာ အဓိကဇာတ်ကောင်တွေကို မင်းသမီးတွေကို ဘဲ အဓိကထားရိုက်စေတာကလည်းထူးခြားပါတယ်။ဟိန္ဒူဘာသာမှာ မြွေဟာ အရှင် သီ၀ ဘုရားသခင်ရဲ့ဆံပင်မှ မွေးဖွားလာပြီး အမြိုက်ရည်( မသေဆေးရေစင်) ကို မြွှေဖိုမြွေမ အတူ စောင့်ရှောက်ရတယ်လို့ယူဆကြပါတယ်။ တန်ခိုးရှိတဲ့မြွေအမြုတေ နဲ့ အမြိုက်ရေစင်ရရှိရေးတွေကို အခြေခံပြီး မြွေဇာတ်ကားတွေကို ပုံစံအမျိုးမျိုးနဲ့ အိန္ဒိယနိုင်ငံတဝှမ်းလုံးပြသကြတဲ့အထဲမှာမှ မြန်မာပရိသတ်တွေနဲ့ မစိမ်းလှတဲ့ မြွှေမင်းသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Reena roy                                                                                            Reena roy ( ရီးနား ရွိုင်း) ဟာ Nagin (1976) ရုပ်ရှင်နဲ့ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ 1990ဝန်းကျင် ဆေးရောင်စုံရုပ်ရှင်ပိတ်ကားထက်မှာ သူမရဲ့ သရုပ်ဆောင်ချက်တွေက နေရာယူခဲ့ပါတယ်။ မတရား အသတ်ဖြတ်ခ့ရတဲ့ ခင်ပွန်းဖြစ်သူ မြွေမင်းသားအတွက် ရန်သူတစ်ယောက်ချင်းစီကို လိုက်လံသတ်ဖြတ်ရင်း နောက်ဆုံး အသက်ကိုပင် စတေးခဲ့တဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေရဲ့ မျက်ရည်ကို ချူခဲ့ပါတယ်။ 

Sridevi Kapoor                                                                                    Sridevi Kapoor ( ရှရီဒေဝီ ကပူရ်း)ဟာ Naagina (1986) မြွေမင်းသမီး စတီးဒေဝီ လို့မြန်မာပရိသတ်တွေအကြားမှာကျော်ကြားပါတယ်။ ရုပ်ရှင်ထဲက သူမရဲ့ မြွေအကဟာ ယခုအချိန်ထိမည်သူမှ သူမကို ကျော်လွန်အောင်ကပြထားနိုင်ခြင်းမရှိသေးပါဘူး။ 1990 ဝန်းကျင်မှာဘဲ မြန်မာပရိသတ်တွေသူမ သရုပ်ဆောင်ထားတဲ့ မြွေကားတွေနဲ့ ထိတွေ့ခွင့်ရရှိခဲ့ပါတယ်။ မြွေအမြုတေ နဲ့ အမြိုက်ရေစင် ရဖို့ မြွေအလမ္မာယ်ဆရာနဲ့ လူယောင်ဆောင်ထားတဲ့မြွေတို့ရဲ့ အားပြိုင်မှုကို အခြေခံတဲ့ ဒီဇာတ်လမ်းဟာ နောက်ဆက်တွဲ ရုပ်ရှင် ဖြစ်တဲ့ Nigahen: Nagina Part II ရိုက်ကူးခဲ့ရတဲ့အထိ ကမ္ဘာတစ်လွှားအောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Meenakshi Seshadri                                                                                      Nache Nagin Gali Gali ( ကချေသည်မြွေမင်းသမီး) ရုပ်ရှင်မှာ လှပညက်ညောတဲ့ကကွက်တွေနဲ့ ပရိသတ်အသည်းကိုဖမ်းစားခဲ့တာကတော့ Meenakshi Seshadri (မီးနရှီ ဆယ်ရှဒရီး) ဖြစ်ပါတယ်။ မြွေအမြုတေ နဲ့ အမြိုက်ရည်အတွက် လိုက်လံတိုက်ခိုက်တဲ့ မြွေဆရာ ရဲ့ရန်က လွတ်မြောက်အောင် ကချေသည်အဖြစ်အသက်မွေးရင်း မြွေဆရာကိုအားမလျော့ဘဲ ပြန်လည်တိုက်ခိုက်အနိုင်ယူခဲ့တဲ့ သူမပုံရိပ်တွေက 1990နှစ်များမှာ မြန်မာပရိသတ်များအကြားရေးပန်းစားခဲ့ပါတယ်။

Mouni Roy

Naagin( မြွေပျိုမယ်ရဲ့ မာယာကလဲ့စား) ဇာတ်လမ်းတွဲနဲ့ ပရိသတ်ထဲကို ဝင်ရောက်လာခဲ့တာကတော့ Mouni Roy ဘဲဖြစ်ပါတယ်။သူမဟာ 2015 ခုနှစ်မှာ ဒီ ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာပရိသတ်တွေကတော့ 2017မှာစတင်သူမကို သိရှိလာကြတာဘဲဖြစ်ပါတယ်။

သက်ရှည်ချမ်းသာနိုင်တဲ့ မြွေအမြုတေကိုရဖို့ကြိုးစားတဲ့ လောဘသားတွေ လက်ကနေ ကြိုးစားကာကွယ်တဲ့ မြေမင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Mouni Roy တစ်ယောက် Season 2 ရိုက်ကူးရတဲ့အထိဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ မကြာခင်မှာလည်း Season 3 ကို ထပ်မံတင်ဆက်တော့မှာဖြစ်ပါတယ်။ 

ပရိသတ်ကြီးရော သူတို့တွေထဲက ဘယ်မြွေမင်းသမီးကို သိလဲ ။သိသလောက်လေး မှတ်ချက်မှာပြောပြပေးသွားကြပါဦးနော်။

@ Phoe Se 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။