နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ မင်းသားဇာဏ်ခီတစ်ယောက် ဆံပင်ပုံစံအသစ် တစ်ခုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ " ဥပါယ်တံမျဉ် " ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ " မုဒြာရဲ့ခေါ်သံ " ဇာတ်ကားကို ဆက်လက် ရိုက်ကူး ခဲ့ပြီး တခဲနက်အားပေးမှုတွေနဲ့ အပြတ်အသတ်အောင်မြင် မှုတွေကို ရရှိလာခဲ့တာပဲဖြစ်ပါတယ်။

ယောကျာ်းပီသတဲ့ဇာဏ်ခီရဲ့ပုံရိပ်တွေက ဘယ်အချိန်ကြည့်ကြည့်ဆွဲဆောင်မှုတွေပိုလို့နေပါ တယ်။ ဒါရိုက်တာခရစ္စတီးနားခီနဲ့လည်း ပျော်ရွှင်စရာ ကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီ ချစ်စဖွယ်သားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လက်ရှိမှာ တော့ နောက်ထပ် ဇာတ်ကားတွေရိုက်ကူးဖို့ပြင်ဆင်နေတာဖြစ်ပြီး ဒီကြားထဲမှာတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

ဇာဏ်ခီတစ်ယောက် သူ့ရဲ့ပြောင်းလဲမှုပုံရိပ်တွေကို " စတိုင် နဲ့ အရောင် အနည်းငယ်ပြောင်း. " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ယခင်ကလည်း မိုက် ပြောင်းလဲလိုက်တဲ့ပုံစံဟာလည်း လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းလွန်းတာမို့ နှုတ်ခမ်းနီမလေးတွေရဲ့ဝန်းရံမှုကို ယခင်က ထက်ပိုပြီး ရတော့မှာအသေအချာပါပဲ။ ခန့်ချောကြီးဖြစ်တဲ့ မင်းသားဇာဏ်ခီရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Zenn Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။