မန်ချက်စတာ ယူနိုက်တက်အသင်းဟာဆိုရင် လာမယ့် အပြောင်းအရွှေ့ရာသီမှာ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဝီလီယမ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ဘရာဇီးအသင်းအပြင် ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဝီလီယမ် နည်းပြကွန်တီနဲ့ အဆင်မပြေဖြစ်နေတာကြောင့် အသင်းမှ ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ချဲလ်ဆီးအသင်းနဲ့ ဝီလီယမ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ထားတဲ့ သက်တမ်းဟာ နှစ်နှစ်ကျန်သေးတဲ့အတွက်ကြောင့် သူ့ကိုခေါ်ယူမယ့်အသင်းကတောာ့ ကျိန်းသေပေါက် စာချုပ်လျော်ကြေးပေးရမှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်အတွက် ဝီလီယမ်ကို အလိုရှိနေတာလည်း ဖြစ်ပါတယ်။ 

အသက် ၂၉နှစ်ရှိပြီ ဖြစ်တဲ့ ဝီလီယမ်ဟာ ၂၀၁၃ခုနှစ်တုန်းက ရုရှားကလပ်အသင်းဖြစ်တဲ့ အန်ဇီအသင်းမှ ခေါ်ယူခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ၂၃၆ပွဲ ကစားကာ ၄၄ဂိုးသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။ ထက်မြက်တဲ့ ခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့ ဝီလီယမ်ကတော့ ချဲလ်ဆီးအသင်းမှာပဲရှိနေမလား ၊ တခြားအသင်းတွေကိုပဲ ပြောင်းရွှေ့သွားမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်ဗျာ… 

Source : Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။