မန္တလေးမြို့ ဈေးချိုအနီးရှိ မန်းမြန်မာ ပလာဇာတွင် မေလ ၂၂ရက်နေ့ နေ့လည် ၁၁ နာရီ ၃၅ မိနစ်အချိန်က ထိုပလာဇာ ၄ လွှာအတွင်းရှိ ဆောက်လုုပ်ရေး လုုပ်ကိုုင်နေသောနေရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကို ထိမ်းချုပ်နိုုင်ခဲ့ပြီး ဖြစ်စဉ်ကိုု စုံုစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။ 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မီးလောင်ရတဲ့ ဖြစ်စဉ် နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက တော့ ကျွန်တော်တို့ အခုချိန်မှာ စုံစမ်းတုန်းပါပဲ’’ ဟုမီဒီယာများကို ပြောသည်။ယနေ့ နေ့လည် (၁၁း၃၅) နာရီ အချိန်ခန့် တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ အကြာတွင်လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။  

Myanmar Fire Services Department ရဲ့ ဖော်ပြချက်အရ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်း၊ (၂၈×၂၇)ကြား၊ မန်းမြန်မာဈေးချိုပလာဇာအပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update - ၁၁း၅၅ အချိန် မီးငြိမ်းပါသည် ဟု ဖော်ပြထားပါကြောင်း

Source - Myanmar Fire Services Department

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။