နာမည်ကျော်သရုပ်ဆောင်မင်းသားဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီနေတိုးတစ်ယောက် အဆို တော်မလေး နီနီခင်ဇော်နဲ့အတူ Samsung galaxy J4 J6 အတွက် tvc ရိုက်ကူးခဲ့တာပဲဖြစ်ပါ တယ်။ နှစ်ယောက်သား အပြာရောင်အင်္ကျ ီလေးတွေနဲ့ လိုက်ဖက်ကြည့်ကောင်းလွန်းနေ ပါတယ်။ ဒီကြော်ငြာလေးထွက်လာရင် လည်း ဘယ်လိုပုံစံလေးနဲ့ တင်ဆက်ထားမယ်ဆိုတာ တော့ စိတ်ဝင်စားစရာပါပဲ။

အောင်မြင်သူတွေအဖြစ်နဲ့ အနုပညာလမ်းကြောင်းကိုယ်စီပေါ်မှာလျှောက်လှမ်းနေကြသူ တွေဖြစ်ြ်ပီး ဒါဟာ နှစ်ယောက်သားရဲ့ပထမဆုံးလက်တွဲမှုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အကြည့် အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဘယ်လိုတွေဖမ်းစားမလဲဆိုတာတော့ စောင့်ကြည့် ရဦးမှာပါပဲ။

နှစ်ယောက်သားရဲ့ ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို နေတိုးက " Samsung galaxy J4 J6 tvc shooting " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ နေဗီပြာရောင်အင်္ကျ ီဆင်တူနဲ့ လိုက်ဖက်လွန်း တဲ့ မင်းသားချောနေတိုးနဲ့ အဆိုတော်မလေးနီနီခင်ဇော်တို့ရဲ့ ရိုက်ကွင်းထက်ကပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

photo - Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။