ထူးခြားကောင်းမွန်တဲ့အသံပါဝါပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အာဇာနည်ကတော့ သူရဲ့ချစ်စရာကောင်းလွန်းတဲ့သားလေးနဲ့အတူ ကြည်နူးစရာဓာတ်ပုံလေးတွေကိုသူရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

ဓာတ်ပုံလေးတွေမှာတော့ ပြုံးပျော်ရွှင်နေတဲ့ သူရဲ့ချစ်စရာသားလေးနဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံလေးတွေပါ။တကယ့်ကိုကြည်နူးစရာကောင်းတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဓာတ်ပုံလေးတွေက မြင်ရသူပရိသတ်တွေကိုအံအားသင့်စေမှာအမှန်ပါပဲ။

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ အိုက်တင်ခံနေတဲ့ သူရဲ့သားလေးကိုကြည့်ပြီး အာဇာနည်တစ်ယောက်ပျော်ရွှင်နေတာကိုလည်းတွေ့မြင်ရပါတယ်။ သူရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ဝ...ချစ်ချစ်"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း အာဇာနည်တို့သားအဖပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးမိမယ်လို့ထင်ပါတယ်။

သတင်းအရင်းအမြစ်-အာဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။