ပရိသတ်အချစ်တော်အဆိုတော်တစ်ဦးဖြစ်တဲ့ အိမ့်ချစ်ကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သီချင်းကောင်းတွေကို ပရိသတ်ရင်ထဲရောက်အောင်ဆိုတက်တဲ့သူမကတော့အသံကောင်းရုံတင်မကပဲ သူမရဲ့ဟန်ပန်လေးတွေကတကယ့်ကိုချစ်စရာကောင်းလှပါတယ်။

ယခုအခါမှာတော့ သူမရဲ့ငွေဆောင်ရောက်နေတာတယ်လို့သိရပါတယ်။ငွေဆောင်ရဲ့လှတဲ့ ရူ့ခင်းတွေနဲ့အပြိုင်အဖြူရောင်ဂါဝန်လေးနဲ့ လှနေသူလေး အိမ့်ချစ်ကတော့ တကယ့်ကိုချစ်စရာကောင်းနေပါတယ်။သူမရဲ့ဓာတ်ပုံလေးတွေကတော့ ကြည်နူးစရာကောင်းနေတာကတော့ အမှန်ပါပဲ။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ငွေဆောင်မှာရိုက်ကူးရေးတွေ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့ "A girl in White"ဆိုတဲ့စာသားလေးနဲ့ အဖြူရောင်ဂါဝန်လေးနဲ့ ဓာတ်ပုံလေးတွေကိုတင်ထားတာပဲဖြစ်ပါတယ်။လှပပြီးချစ်စရာကောင်းနေတဲ့ သူမကို ပရိသတ်တွေအနေနဲ့လည်း အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-အိမ့်ချစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။