ချစ်စရာကောင်းတဲ့ နတ်မိမယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Rose Quartz အဖွဲ့ကတော့ လက်တလောပရိသတ် တွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ K pop အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ဆယ်ကျော်သက်ကောင်မလေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ကတော့ သွက်လက်မြူးကြွတဲ့ K pop တေးသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။ မြန်မာထိုင်းကိုရီးယားစတဲ့ မတူညီတဲ့သုံးနိုင်ငံမှချစ်စရာကောင် မလေးတွေနဲ့ ဖွဲ့စည်းထားတဲ့သူတို့အဖွဲ့လေးကတော့ အာရှတစ်ခွင်မှာအတော်လေး လူသိများ လာတဲ့ အဆိုတော်လေးတွေပဲ ဖြစ်ပါတယ်။ 

လက်ရှိမြန်မာပရိသတ်တွေကြားမှာတော့ မြန်မာဘာသာစကားနဲ့ သီဆိုထားတဲ့ Realize သီချင်းလေးဟာလည်းအရမ်းကိုဟော့ ဖြစ်နေတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ချစ်စရာကောင်းတဲ့သူတို့အဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ ပြီး မြန်မာပရိသတ်တွေလဘည်းအရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။မြန်မာနိုင်ငံကို လာရတာ နှစ်သက်ပါတယ်ဆိုတဲ့သူတို့လေးတွေရဲ့ မြန်မာ့ရိုးရာ ဖက်ရှင်လေးတွေနဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးချင်ပါတယ်။  

နတ်မိမယ်လေး၅ယောက်ရဲ့ မြန်မာဝတ်စုံလေး တွေနဲ့ အလှပုံရိပ်လေးတွေဟာ တကယ်ကိုချစ်ဖိုု့ကောင်းပါတယ်နော်။ချပ်ချပ်ကပ်ကပ် နဲ့အဆီပိုမရှိ ကျစ်လစ်သေးသွယ်တဲ့ခန္ဓာကိုယ်လေးတွေနဲ့ မြန်မာရိုးရာ ရင်ဖုံးအကျီ ၤလေးတွေကို ဝတ်ဆင်ထားတဲ့သူတို့လေးတွေကတော့ ပရိသတ်တွေကိုအမြင်တစ်မျိုးလေးဆန်းစေပြီး အချစ်ပိုစေတာပဲဖြစ်ပါတယ်။ပရိသတ်တွေသဘောကျနေကြတဲ့ Rose Quartz အဖွဲ့ရဲ့ မြန်မာဝတ်စုံပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - Rose Quartz Thailand

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။