၁၉၇၀ ပြည့်လွန်နှစ်ထဲက အက်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကမ္ဘာ့ကျော်မင်သားကြီး ဖြစ်တဲ့ အာရှကွန်ဖူးဘုရင်ကြီး ဂျက်လီဟာ ယခုအချိန်မှာဆိုရင်ဖြင့် ရောဂါဝေဒနာ ခံစားနေရပါတယ်။ရုပ်ရှည်ကအစ အကုန်ပြောင်းလဲသွားတာကြောင့် တစ်ကမ္ဘာ့လုံးက သူရဲ့ ပရိသတ်တွေ စိတ်ပူနေကြပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက လည်းပင်း သိုင်းရွိုက်အလွန်အမင်း အလုပ်လုပ်တဲ့ ရောဂါခံစားနေရတဲ့ ဂျက်လီဟာ အသက် ၅၅ နှစ်သာရှိပါသေးတယ်။အဆိုပါအချိန်ထဲက ဂျက်လီဟာ လူမြင်ကွင်းတွေကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ရောဂါဒဏ်တွေနဲ့ အက်ရှင် ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဒဏ်တွေကြောင့် ယခုဆိုရင် လမ်းလျှောက်ဖို့တောင် လူတွဲပေးနေရပြီး ရုပ်ရည်ဆိုရင် အတော်ပြောင်လဲသွားပါတယ်။

ဗုဒ္စဘာသာကို သက်ဝင်ယုံကြည်တဲ့ ဂျက်လီကတော့ တရားထိုင်ခြင်း ဘုရားစာရွတ်ခြင်း ဖြင့်ရောဂါအခြေအနေ ကောင်းအောင်ကြိုးစားနေပြီး သူကို စိတ်ပူပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်လို့ပြောထားပါတယ်။တစ်ကမ္ဘာ့လုံးက ပရိသတ်တွေ ကော အနုပညာရှင် တွေအပြင် အဆိုပါသတင်းကို ကြားရသူတိုင်း မျက်ရည်စို့ပြီး အမြန်ဆုံးကျန်းမာပါစေလို့ဆုတောင်းပေးနေကြပါတယ်။

SOURCE : THE WASHINGTON  POST 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။