နေမကောင်းလို့ စိတ်ထောင်းကိုယ်ကြေ ဖြစ်ရတဲ့အထဲ အကောင့် ကိုလာဟက်နေကြတဲ့သူတွေကြောင့် မေမေမယ်လိုဒီတစ်ယောက်စိတ်ညစ်နေရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လေဆိပ်မှာမူးလဲခဲ့တဲ့ သူမတစ်ယောက် ဟက်ကာတွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြန်တဲ့အခါ ဘယ်လိုမှ မခံစားနိုင်တော့တဲ့အတွက် ဟက်ကာတွေကို အသနားခံတဲ့ စာတစ်စောင် ကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အခုလိုဖြန့်ဝေခဲ့ပါတယ်။

"အကောင့်ဟက်တဲ့သူ တကယ်တော်တယ်၊လေးစားပါတယ်ခေးမေကိုအလွတ်ပေးလိုက်ပါနော်၊နေမကောင်းလို့ စိတ်ထောင်းကိုယ်ကျေ ၊မီးတောက်နေတယ် ငွေလိုနေတယ်၊ နေကောင်းအောင် ရေလောင်းရမယ့်အခြေအနေမှာ အလွတ်ပေးလိုက်ပါနော်နိုင်ငံကျော် စူပါစတား နေ့မအား ညမနား ရိုက်ရတဲ့အချိန်မှပြန်ဟက်ချင်ဟက်ပါနော်၊အခုတော့ အလွတ်ပေးလိုက်ပါတော့နော်......၊" ဆိုပြီး အသနားခံထားတာကို တွေ့ရပါတယ်။

နေမကောင်းတဲ့ကြားကနေအခုလိုစိတ်ဆင်းရဲစရာတွေ ကြုံတွေ့နေရတဲ့ မယ်လိုဒီတစ်ယောက် ပရိသတ်ရဲ့ အားပေးမှုကို လိုချင်နေတာ အသေအချာပါ။ ပရိသတ်ကြီး ရေ မေမေမယ်လိုဒီ အရင်လိုထူထူထောင်ထောင်ဖြစ်ဖို့ ဆုတောင်းပေးကြပါဦး ။

Source - Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။