စူးရှတဲ့ အသံပိုင်ရှင်လေး အဆိုတော် ဆိုဖီယာကတော့ လက်တလော လူမှုကွန်ယက်မှာ သူမရဲ့ ပွဲတက်ဖက်ရှင် လေးတစ်ခုနဲ့ ပတ်သတ်ပြီး အရမ်းကိုလူပြောများနေပါတယ်။ ဆိုဖီယာကတော့ အနောက်တိုင်းဆန်တဲ့ မျက်နှာ လေးနဲ့ အမြဲတမ်း ဖက်ရှင်ကျကျဝတ်ဆင်လေ့ရှိတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။သို့ပေမယ့်လည်း ဒီတစ်ခေါက်ပွဲတက်ဖက်ရှင်လေးကတော့ ပရိသတ်တွေအမြင်မှာနဲနဲလေးဟော့ဖြစ်နေခဲ့ပြီး သဘောကျတဲ့ ပရိသတ် တွေရှိသလို ဝေဖန်တဲ့ပရိသတ်တွေလည်း များစွာထွက်ပေါ်လျက်ရှိတာပဲ ဖြစ်ပါတ်ယ်။ 

သူမရဲ့ ဖက်ရှင်လေးကတော့ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးရှိပေမယ့် အရမ်းကိုပါးလွာတဲ့ ဇာအဝတ်စကို အသုံးပြုထားကာ အတွင်းကို တိုက်ရိုက်မြင် တွေ့နေရတဲ့အကျီ ၤပုံစံလေးဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ဂယက်ထသွားစေခဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ မေလ( ၁၉) ရက်နေ့က ပြုလုပ်ကျင်းပခဲ့တဲ့ အဆိုတော် X Box ရဲ့ X Boxing party house ပါတီပွဲလေးမှာ ဝတ်ဆင်ခဲ့တဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ သူမကတော့ အခုနောက်ပိုင်း Show ပွဲတော်တော်များများမှာလည်း အရမ်းမိုက်တဲ့ အလန်းစားဖက်ရှင်တွေနဲ့ ပရိသတ်တွေ သတိထားမိလာတဲ့ အဆိုတော်မ လေးတစ်ဦးပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာလည်း အဆိုတော် စန္ဒီမြင့်လွင်နဲ့ အတူသီဆိုထားတဲ့ IDFC သီချင်လေးထွက်ရှိထားပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုအရမ်းကို မြင့် တက်နေပါတယ်။အမိုက်စားသီချင်းစာသားတွေအပြင် အမိုက်စား MTV ရိုက်ကွင်းတွေကလည်း ပရိသတ်တွေကို ကြွေစေခဲ့ပြီး အဓိက မိန်းကလေး ပရိသတ်တွေကြားမှာ ပိုပြီၤးစိတ်ဝင်စားစေခဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ လက်ရှိမှာ နင်ရဲ့ဆိုတဲ့ တစ်ကိုယ်တော် တေးစီရီးလေးလည်း ထွက် ရှိထားပါတယ်။ 

သတင်းအရင်းအမြစ် - ဆိုဖီယာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။