သိပ်လှနေပေမယ့်လဲ မစွံသေးတဲ့ သင်ဇာကတော့ သူမရဲ့အကြိုက် ယောကျာ်းပုံစံကိုထုတ်ပြောလိုက်ပါပြီ။

" အဓိက ရွေးချယ်ချင်တဲ့ပုံစံက အလုပ်ကိုနားလည်ပေးရမယ်။ သစ္စာရှိရှိနဲ့ချစ်ရမယ်။ ကိုယ့်မိသားစုကို ကိုယ်က ချစ်သလိုမျိုး ချစ်ပေးရမယ်။ ကိုယ်တိုင်လဲ အရည်အချင်းရှိရမယ်။ ပိုက်ဆံချမ်းသာတာ၊ မချမ်းသာတာက အရေးမကြီးဘူး။ အရည်အချင်းရှိတဲ့ ယောကျာ်းမျိုးကို အဓိကထားရွေးချယ်သွားမှာပါ။ အသက် ၃ဝလောက်မှန်းထားပါတယ်။ ဒါပေမယ့် အပျိုကြီးကံဇာတာပါရင်တော့ မပြောတတ်ဘူး။ " 

ကံကောင်းတာ၊ ဆိုးတာတွေနဲ့ပတ်သတ်ပြီး ဘုရားတရားများများလုပ်ထားတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်က

" ကံတရားဆိုတာ မမြင်ရဘူး။ ဒါပေမယ့် ကိုယ့်ဘက်က ဘုရားတရားများများလုပ်ထားတယ်။ ဘာသာတရားလဲ အများကြီးလုပ်တယ်။ အနန္တောအနန္တငါးပါးကို မပြစ်မှာဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အရမ်းဆိုးဝါးတဲ့ ဒုက္ခကြီးမကျရောက်နိုင်ဘူး။" 

" အသက်ကလဲ ၂၅နှစ်ကျော်နေပြီ၊ ၂၆နှစ်ထဲ ဝင်နေပြီ။ ဘူ့သက်တမ်းလဲ တစ်ဝက်ကျိုးနေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ဒီ့ထက် ရင့်ကျက်ရမယ်။ လူကြီးဆန်ရမယ်။ "

Source : myanmarcuties

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။