နှလုံးသွေးကြောကျဉ်းဝေဒနာဟာ လူတိုင်းတော့ မဖြစ်ကြသလို တစ်ချို့ကျတော့လည်း မွေးရာပါ နှလုံးသွေး ကြောကျဉ်းဝေဒနာတွေ ပါလာတတ်ကြပါတယ်။နှလုံးသွေးကြောကျဉ်း ဝေဒနာဟာ နှလုံး ကြွက်သားတွေမှာ လိုအပ်တဲ့ အောက်ဆ်ီဂျင်နှင့်သွေးအလုံးလောက်မရရှိတဲ့အတွက် နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။ 

နှလုံးသွေးကြောကျဉ်းဝေဒနာဟာ ရုတ်တရက်အသက်ရူလို့မရအောင် ရင်ဘတ်အောင့်ခြင်းများ ခံစားရတတ် ပါတယ်။နောက်ထပ် ပခုံးနှင့် လည်ပင်းထိ နာကျင်ခံစားရတတ်ပါတယ်။ဝေဒနာရှင်တွေဟာ လူပ်ရှားနေချိန်၊ အာကားစားလုပ်နေတဲ့အချိန် တွေမှာ သွေးကြောတွေဟာကျဉ်းနေတဲ့အတွက် နှလုံးကြွက်သားတွေကိုလုပ်အပ် တဲ့ သွေးပမာဏကို လုံလုံးလောက်လောက်မပို့နိုင်ခြင်းကြောင့် ရင်ဘတ်အောင့်ရခြင်းဖြစ်ပါတယ်။ 

အဲလိုရင်ဘတ်အောင့်တာ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ သွေးကြောနံရံတွေမှာရှိတဲ့ သွေးနည်ခဲဟာပေါက် ထွက်ပြီး ရုတ်တ၇က်သွေးကြောပိတ်သွားတတ်ပါတယ်။ ဒါဟာလူပ်ရှားနေချိန်မဟုတ်ဘဲ နားနေချိန်မျိုး တွင်လည်း ဖြစ်နိုင်ပါတယ်။ နှလုံးထိခိုက်ပြီး တစ်နာရီအတွင်း မှာဆေးရုံးဆေးပေးခန်းတွေကို အချိန်မီသွားပေး ရပါမယ်။ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးမှုများပြုလုပ်ပေးပါ။ လူတစ်ကိုယ်လုံးမှာ နှလုံးဟာ အရေးကြီးတာမို့ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။ 

Source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။