အဆိုတော်သရုပ်ဆောင် အကယ်ဒမီမင်းသား စိုးသူကတော့ ချစ်သူမင်းသမီးစိုးမြတ်နန္ဒာနဲ့ ချစ်သူသက်တမ်းလေးကို ပရိသတ်တွေကို အတိအလင်းပြောလိုက်ပါတယ်..။

ဝေဖန်တိုက်ခိုက်မှုတွေများစွာရှိခဲ့တဲ့သူတို့ရဲ့အချစ်ရေးလေးရဲ့ ချစ်သူသက်တမ်းလေးကတော့ မေလ(၂၂)ရက်နေ့မှာ လပေါင်း(၆၀)ပြည့်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်..။

ချစ်သူသက်တမ်း(၅)နှစ်ပြည့်တဲ့နေ့မှာပဲ စိုးသူကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ စိုးမြတ်နန္ဒာကို ထပ်မံပြီးချစ်ရေးဆိုရင်း အတိအလင်းပြောပြလိုက်တာ ဖြစ်ပါတယ်..။

“ Happy Anniversary for 60 months “

I Love You ... ... ...” ဆိုပြီး ရေးသားပြောပြလိုက်တာ ဖြစ်ပါတယ်..။

မင်းသားစိုးသူနဲ့ မင်းသမီးစိုးမြတ်နန္ဒာတို့ချစ်သူစုံတွဲကတော့ ဝေဖန်တိုက်ခိုက်မှုတွေကြားက တစ်ယောက်ကိုတစ်ယောက် ယုံကြည်နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့အချစ်ရေးလေးပါပဲ..။

လတ်တလောမှာလည်း သာယာပျော်ရွှင်တဲ့အချစ်ရေးလေးနဲ့အတူ အနုပညာလုပ်ငန်းတွေကိုလည်း မကြာခင်မှာတစ်ယောက်ကိုတစ်ယောက် ဖေးမကူညီလုပ်ဆောင်တော့မှာ ဖြစ်ပါတယ်..။

Photo - စိုးသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။