အနောက်တိုင်းဆန်တဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားနေသူလေးကတော့ ပရိသတ် အချစ်တော် ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။သူမကတော့ပရိသတ်တွေကြားမှာ ညို့အားပြင်းတဲ့မိန်းမလှလေးအဖြစ် နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း သူမရဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကိုဆွဲဆောင်မှုရှိနေတဲ့ ပုံရိပ် လေးတွေ ပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။  

သူမရဲ့ ညို့အားပြင်း ဓာတ်ပုံလေးတွေကတော့ မေလထုတ် Now မဂ္ဂဇင်းအတွက် ကာဗာဓာတ်ပုံရိုက်ကူးရေးမှ ပုံရိပ်လေးတွေ ပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ပုံရိပ်လေးတွေထဲမှာတော့ ထိုင်းမလေးတစ်ယောက်အလား အမြင်မှား လောက်အောင်ကို လှနေတော့တာပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးတစ်စုံ ကလည်း ညို့အားပြင်းရေလှိုင်းလေးတစ်ခုလို ပုရိသတို့ရင်ကို လှုပ်ခတ်သွားစေတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ ခပ်မိုက်မိုက် ဖက်ရှင်လေးတွေနဲ့ အမြဲမြင်တွေ့ရပြီး အခုလို အေးချမ်းတဲ့ ပုံစံလေးကတော့ ပရိသတ်တွေအမြင်တစ်မျိုးဆန်းစေခဲ့ကာ ပရိသတ်တွေကို အချစ်ပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေသဘောကျနေတဲ့ ပက်ထရစ်ရှာရဲ့ Now မဂ္ဂဇင်း ဓာတ်ပုံရိုက်ကွင်းမှ ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ပက်ထရစ်ရှာ 

Photo - Aung Zaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။