သရုပ်ဆောင် သက်တမ်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပရိသတ်နှင့် တွေ့ဆုံသွားမည့် လီမင်ဟို

တောင်ကိုရီးယား တစ်ခွင်သာမက အရှေ့တောင်အာရှမှှာပါ သြဇာကြီးမား အောင်မြင်ကျော်ကြားလှတဲ့ မင်းသားချော လီမင်ဟိုတစ်ယောက် အနုပညာလောကကို ဝင်ရောက်လာတာ ၁၀ နှစ်တောင် ရှိသွားပြီတဲ့လေ။

လတ်တလောထွက်ရှိထားတဲ့ Legend of the Blue Sea ဇာတ်ကားဟာလည်း စံချိန်တင်အောင်မြင်နေပြီး မကြာခင်မှာ စစ်မှုထမ်းရတော့မယ့် လီမင်ဟိုဟာ ၄င်းစစ်မှုမထမ်းခင် ပရိသတ်တွေနဲ့ တွေ့ဆုံချင်သေးတဲ့အတွက် အခုလို ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲလေးကို စီစဉ်ခဲ့ပုံရပါတယ် ပရိသတ်ကြီးရေ……

"The Originality of Lee Min Ho" လို့ အမည်ပေးထားတဲ့ ဒီတွေ့ဆုံပွဲကို Kyung Hee တက္ကသိုလ် Grand Peace ခန်းမမှာ ဖေဖော်ဝါရီလ ၁၈ ၁၉ မှာ ပြုလုပ်ကျင်းပပြီး ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ သတင်းများအရ လီမင်ဟိုဟာ စစ်မှုမထမ်းခင် ချစ်သူဖြစ်တဲ့ ဆူဇီနဲ့ လက်ထပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လို့နေပါတယ်………

Source: K.Pop

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။