ပရိသတ်အချစ်တော်နာမည်ကျော် မင်းသမီးချောလေး မေသက်ခိုင်ကတော့ ငယ်စဉ်ကမိသားစုပြိုကွဲခဲ့တဲ့အကြောင်းလေးကို ရင်နင့်ဖွယ်ပြောပြလာပါတယ်..။

အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်တဲ့သူတစ်ဦးဖြစ်လာတာဟာ သူမအမေဖြစ်သူရဲ့ တစ်ခုတည်းသော အားအင်တွေကြောင့်ပါလို့ ဆိုပါတယ်.. ။

အဲ့ဒီအကြောင်းလေးကိုတော့ မေသက်ခိုင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ စိတ်မကောင်းစွာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

“အသက် ၁ နှစ်ခွဲထဲက နိုင်ငံခြားထွက်သွားတဲ့အဖေ

၅ တန်းနှစ်မှာ နောက်အိမ်ထောင်ထပ်ပြုတဲ့အဖေ

အဖေကိုမမြင်ဖူးလို့ သူတို့မင်္ဂလာဆောင်မှာ ၄၅ မိနစ်လောက် သွားကြည့်ခဲ့ရတယ်..

ဘေးကဖြတ်သွားရင်တောင်မမှတ်မိနိုင်ဘူး.. အဲ့ဒီမင်္ဂလာဆောင်မှာပဲ အဖေကသူနဲ့လိုက်နေဖို့ခေါ်တယ်.. ။

တစ်ခါမှမမြင်ဖူးတဲ့လူကြီးနဲ့လိုက်သွားဖို့မစဉ်းစားသလို

သိတတ်တဲ့အရွယ်မရောက်သေးတဲ့သမီးကို မိထွေးနဲ့မထားနိုင်ဘူးဆိုတဲ့စကားနဲ့

အမေကမပေးခဲ့ဘူး.. ဘဝတစ်လျှောက်လုံး အမေကပဲပြုစုပျိုးထောင်ပေးခဲ့တာ အခုအချိန်အထိအသက်ရှင်နေထိုင်ပြီးအလုပ်တွေလုပ်နေနိုင်တာ ကျောင်းတွေတက် ခရီးတွေထွက်နိုင်တာ အမေ့ကျေးဇူးတွေပဲ..” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ အမေရိကန်မှာ နေထိုင်နေတဲ့အဖေဖြစ်သူကိုလည်း သွားတွေ့နေတယ်လို့ ဆိုပါတယ်..။

“တစ်သက်လုံးမှာ အဆက်အသွယ်မလုပ်ခဲ့တဲ့အဖေက အသက် ၂၈ နှစ်ရောက်မှ လာဆက်သွယ်လို့

အခုအဖေနဲ့ခဏလာတွေ့တယ်.. အဖေခေါ်လို့လာတယ် အဖေကလည်းချစ်ပါတယ် ငယ်ငယ်ကအဖေ့ကိုမုန်းတဲ့ကိုယ်က ဘုရားရှိခိုးအမျှဝေရင်တောင် အဖေနေရာကိုချန်ပြီးရွတ်ခဲ့တယ်..

အဲ့ဒီအမူအကျင့်ကို အမေကသိသွားတော့ပြန်ပြောင်းပေးခဲ့တယ်..

အဖေဟာအဖေပဲ ဆိုပြီး အကောင်းမြင်စိတ်နဲ့ အေးချမ်းအောင်ပြောပေးဆုံးမပေးခဲ့တယ်

အခုအချိန်အထိအသက်ရှင်ရပ်တည်နိုင်တာ အမေဆိုတဲ့မိန်းမတစ်ယောက်ရဲ့အင်အားနဲ့ပါ ကိုယ့်လမ်းကိုယ်လျှောက်တာချင်းတူပေမဲ့ သမီးတစ်ယောက်ကိုကျောပိုးပြီးလျှောက်ပေးခဲ့လို့

မေကြီးကိုကျေးဇူးတင်ပါတယ်..” ဆိုပြီးလည်း သူမက ပြောပြထားပါသေးတယ်..။

Photo - မေသက်ခိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။