လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်လောင်လောင်အသံတွေထွက်ပေါ်လာခဲ့တဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ သင်ရိုးသစ်သင်တန်းတက်တဲ့ မူလတန်းပြ ဆရာသုံးယောက်ကို ဂစ်တာတီးတာနဲ့ ပတ်သက်လို့ ရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရိုက်နှက် လက်ထိပ်ခတ်ခဲ့တာဟာ ဆရာ၊ ဆရာမတွေအားလုံးကို စော်ကားတာဖြစ်တယ်ဆိုပြီး မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ် ကန့်ကွက်လိုက်ပါ တယ်။ 

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာမှာ မြို့နယ်ထဲက ဆရာ၊ ဆရာမတွေအားလုံး လာရောက်တည်းခိုပြီး ဒုတိယတန်း သင်ရိုးသစ်အတွက် မေလ ၈ ရက်နေ ၂၃ ရက်အထိ သင်တန်း တက်နေရတာပါ။မေလ ၂၀ ရက်ညပိုင်းက ဆရာမတွေ တည်းခိုတဲ့ ကျောင်းရှေ့မှာ ဆရာတချို့က ဂစ်တာသွားတီးတာကို ရွာအုပ်ချုပ်ရေးမှူးက လာရောက် တားမြစ်ရာကနေ ရွာသားတွေနဲ့ ပြဿနာ ဖြစ်ကြတာပါ။ပြသနာဖြစ်ချိန်မှာ ဆရာတွေမှာ ဒဏ်ရာတွေ ရထားတယ်လို့ သိရပြီး ရွာသားတွေနဲ့ ဝရုန်းသုန်းကားဖြစ်ချိန်မှာရတာ ဖြစ်နိုင်တယ်လို့လည်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ရွာသားတစ်စုရောက်လာပြီး အချိန်မတော် ဂီတာတီးခြင်း ကို အကြောင်းပြပြီး သံတုတ်၊ နံချပ်ကူစသော လက်နက်များနှင့် ဝိုင်းရိုက်အကြမ်းဖက်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။ထို့နောက်လက်ထိတ်နောက်ပြန်ခတ်ပြီး ဥပဒေမဲ့ ထိန်းသိန်းခံခဲ့ရတယ်လို့လည်းသိရပါတယ်။ သင်တန်းတက်နေတဲ့ ဆရာတယောက်က ဆရာတွေအနေနဲ့ ပြဿနာဖြစ်ပြီး နောက်နေ့မှာပဲ အဲဒီရွာကျောင်းမှာ မတည်းတော့ဘဲ ဝါးဖြူတောင် အမကကို ပြောင်းခဲ့ကြပါတယ်လို့ ပြည်တွင်းမီဒီယာတွေမှာဖောိပြထားပါတယ်။

အခုလို ဆရာတွေရဲ့ ဂုဏ်သိက္ခာကိုမထောက်ဘဲ လက်ထိပ်ခတ်တာ၊ ကူညီဖို့ လိုက်လာတဲ့ ဆရာတွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာ စတာတွေဟာ ကာယကံရှင် ဆရာတွေကိုသာမကဘဲ မြန်မာတနိုင်ငံလုံးက ဆရာ၊ ဆရာမတွေကိုလည်း စော်ကားမော်ကားပြုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်အနေနဲ့ တရားဥပဒေကြောင်းအရ တုံ့ပြန်သွားမှာဖြစ်သလို ပညာရေးဝန်ကြီးဌာနကလည်း အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး မတရား အနိုင်ကျင့်ခံရတဲ့ ဆရာတွေအပေါ် ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း အာဏာကို အလွဲသုံးစားပြုလုပ်ပြီး မတရားအနိုင်အထက်ပြုကျင့်တဲ့ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို လုံလောက်မျှတတဲ့ စစ်ဆေးတာတွေလုပ်ပြီး ဥပဒေနဲ့ အညီ အရေးယူပေးဖို့လည်း တောင်းဆိုထားကြောင်းပါ။

Source - Myanmar Teachers' Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။