တောင်ကိုရီးယား အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Samsung ဟာဆိုရင် အခုအခါမှာတော့ Galxay S 8နဲ့ ဒီဇိုင်ပုံစံတူတဲ့ Galaxy S Light Luxury ကို မိတ်ဆက်တော့မှာ ပဲ ဖြစ်ပါတယ်။ ဒီဖုန်းဟာ S8 နဲ့ ဒီဇိုင်းပုံစံတူတဲ့အပြင် သူမတူတဲ့ စွမ်းဆောင်ရည်မြင့် နည်းပညာတွေကိုလည်း Galaxy S Light မှာ ထည့်သွင်းပေးထားပါတယ်။ 

Galaxy S Light Luxury ဖုန်းမှာဆိုရင် မျက်နှာပြင်ဟာ ၅.၈လက်မ ဝန်းကျင်ရှိပြီး မျက်နှာပြင် အမျိုးအစားကတော့ Full HD Display အမျိုးအစားပဲ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ ဖုန်းရဲ့ အနောက်ကင်မရာမှာ 16MP ရှိတဲ့ ကင်မရာ တစ်လုံးပါဝင်ပြီး အရှေ့ဘက် Selfie ကင်မရာကတော့ 8Mp ပါဝင်ထားပါတယ်။ ဒါ့အပြင် အဆိုပါ ဖုန်းကင်မရာ ဟာ အရည်အသွေးမြင့် 4k ဗီဒီယိုတွေကို ရိုက်ကူးနိုင်တာကြောင့် ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေကို အကြိုက်တွေ့ စေမှာပါ။ 

CPU ပိုင်းမှာဆိုရင်တော့ Qualcomm Snapdragon 660 Chipset ကိုအသုံးပြုပေးထားပြီး RAMအနေနဲ့ကတော့ 4GBဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမှာဆိုရင် 64 GB ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3000 mAh ပမာဏရှိတဲ့ ဘက်ထရီကို ထည့်သွင်းပေးထားပြီး အရောင်အနေနဲ့ကတော့ အနီရောင်နဲ့ အနက်ရောင်ဆိုပီးနှစ်မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၂၅ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။