အင်္ဂလန် အသင်းဟာ ကမ္ဘာဖလားတွင်အောင်မြင်မည်ဟု ဟာရီကိန်းကတော့ ပြောလာပါပြီ ။ ဟာရီကိန်းကတော့ အင်္ဂလန်နိုင်ငံတွင် အသင်းခေါင်ဆောင်အသစ်တစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် စပါးတိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ် ။ မေလ ၂၂ ရက်နေမှာ နည်းပြ ဆောက်ဂိတ်က အသင်းခေါင်းဆောင် အဖြစ်ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ် ။ 

တိုက်စစ်မှူး ကိန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ စပါးအတွက် ဂိုးပေါင်း ၃၀ သွင်းပေးထားပါတယ်။ သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်တော့ ၂၃ ပွဲ ကစားပေးထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဂျီမှာ ဘယ်လ်ဂျီယံ၊ ပနားမား၊ တူနီးရှားအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ 

အင်္ဂလန်အသင်း ဟာဆိုရင်တော့ အသင်းခေါင်းဆောင် အသစ်နှင့်အတူ ကမ္ဘာဖလားကို အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ်သွားမယ်လို့လည်း သိရပါတယ် ။ဟာရီကိန်းဟာသူလိုချင်တဲ့အသင်းခေါင်းဆောင် ရာထူးကိုရထားတော့ ပျော်ရွှင် နေတယ်လို့လည်းသိရပါတယ် ။အသင်းခေါင်းဆောင်အသစ်နဲ့အတူ ကမ္ဘာဖလားမှာအင်္ဂလန်အသင်းကို တွေ့ရတော့မှာလည်းဖြစ်ပါတယ် ။

photo scoure : DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။