ပရဟိတမင်းသမီးတစ်ဦးဖြစ်တဲ့ ပြည်သူ့အချစ်တော် မင်းသမီးခိုင်နှင်းဝေကတော့ အမိုက်စားဖက်ရှင်ဒီဇိုင်းလေးနဲ့ အလန်းကြီးလန်းနေတာ တွေ့ရပါတယ်..။

အားလုံးရဲ့အချစ်တော် မင်းသမီးခိုင်နှင်းဝေကတော့ ထိုင်းနိုင်ငံကိုပရဟိလုပ်ငန်းတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပြီး လတ်တလောမှာတော့ မြန်မာနိုင်ငံကို ပြန်လာနေပြီလို့ ဆိုပါတယ်..။

အမိုက်စားဖက်ရှင်လေးနဲ့ မြန်မာနိုင်ငံပြန်လာနေတဲ့ သူမရဲ့ခပ်မိုက်မိုက်ပုံရိပ်လေးကိုလည်း ခိုင်နှင်းဝေကသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

“ခရီးစဉ်ပြီးသွားလို့ ရန်ကုန်ပြန်လာပြီလေ.. ချစ်ဆုံးတို့ကိုသတိယတယ်ကွယ်..” ဆိုပြီး အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးထားတာပါ..။

မင်းသမီးခိုင်နှင်းဝေကတော့ အနုပညာလုပ်ငန်းတွေအပြင် ပရဟိတလှုပ်ရှားမှုတွေနဲ့ပါ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ပြည်သူပအချစ်တော် မင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူး..။

အရွယ်တင်နုပျိုနေတဲ့ မင်းသမီးခိုင်နှင်းဝေရဲ့ အလန်းစားပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ခိုင်နှင်းေ၀

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။