အာဆင်နယ်အသင်းဟာ အသင်းရဲ့ သက်တော်ရှည်နည်းပြကြီးဖြစ်တဲ့ အာစင်းဝင်းဂါးနဲ့ လမ်းခွဲခဲ့ပြီးနောက် လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အူနိုင်းအမ်မရီကို ခန့်အပ်ခဲ့ပြီလည်းဖြစ်ပါတယ်။ကနဦးက အာတီတာဟာ အာဆင်နယ်နည်းပြ ရာထူးအတွက် သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီနေ့မှာတော့ တရားဝင် အူနိုင်းအမ်မရီကို ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

အူနိုင်းအမ်မရီဟာ PSG အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ နည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။အမ်မရီဟာ PSG အသင်းအတွက် ပြင်သစ်လိဂ်ဂူး ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြင်သစ်ဖလား ကိုလည်းရယူပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ အတူလက်တွဲနိုင်ခဲ့တဲ့ အတွက် နည်းပြ အူနိုင်းအမ်မရီကတော့ ကျေနပ်ပျော်ရွင်နေတာလည်းဖြစ်ပါတယ်။ 

အမ်မရီဟာ အာဆင်နယ်အသင်းအတွက် လိုအပ်တဲ့ ကစားသမားတွေကို ဖြည့်တင်းဖို့အတွက် အသင်းဟောင်း PSG က ကစားသမား အချို့ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။အမ်မရီ ခေါ်ယူချင်နေတဲ့ ကစားသမားတွေကတော့ ဒရက်ဇလာ နဲ့ ရာဘီယော့ တို့ပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒရက်ဇလာကို ခေါ်ယူဖို့ ကာလကြာရှည်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။

Source : Arsenal ( Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။