နယ်ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာလုပ်ငန်းတွေလုပ် ကိုင်ရင်း တစ်ကိုယ်တည်း အပျိုကြီးဘ၀ နဲ့ပဲ ဖြတ်သန်းနေတာကြောင့် ပရိသတ်တွေအားမလိုအားမရ ဖြစ်နေ ကြပါတယ်။သူမရဲ့နှလုံးသားအခြေအနေတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြကာ မီဒီယာအင်တာဗျူးတွေမှာလည်း အမြဲလိုလို မေးဖြစ်နေတဲ့ မေးခွန်းလေးကလည်း ဘယ်တော့အိမ် ထောင်ပြုမှာလည်း ဆိုတဲ့မေးခွန်းလေးပဲ ဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ ပရိသတ်တွေ အားလုံးစိတ်ဝင်စားနေတဲ့ မေးခွန်းလေးရဲက အဖြေကို ပရိသတ်တွေအတွက်တင် ဆက်ပေးချင်ပါတယ်။သူမရဲ့ နှလုံးသားရေးရာဇာတ်လမ်းလေးကတော့ တကယ်ကို စိတ်မကောင်းစရာပဲဖြစ်ပါ တယ်။သူမကတော့ ယနေ့အချိန်အထိ ရည်းစားတစ်ခါမှမထားဘူးခဲ့ပဲ တစ်ကိုယ်တည်းအပျိုကြီး အဖြစ်ဖြတ် သန်းလာခဲ့ပြီး ဘဝမှာမှတ်မှတ်ရရ ချစ်ရသူတစ်ဦးရှိခဲ့ပေမယ့် သူမချစ်တဲ့ သူကလည်း လွန်ခဲ့တဲ့ (၂)လလောက်က ကွယ်လွန်သွားခဲ့ပါပြီလို့ မီဒီယာအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။

တကယ်ကိုစိတ်မကောင်းစရာပါပဲနော်။သူများတွေ အသက်(၃၀)ကျော်တဲ့အချိန်မှာ ရည်းစားသုံးလေးယောက် ထားခဲ့ကြပေမယ့် သူမကတော့ ရည်စားတစ်ယောက်မှတောင်မထားခဲ့ဖူးတဲ့အပြင် သူသဘောကျရတဲ့ သူက လည်းဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် အပျိုကြီးပဲလုပ်ဖြစ်တော့မှာပါလို့ဆိုပါတယ်။ပရိသတ်တွေအပျိုကြီးဘဝနဲ့ ဖြတ်သန်းနေတာကို အားမလိုုအားမရဖြစ်ပေမယ့်လည်း သူမရဲ့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းလေး ကတော့ တစ်ခန်းရပ်ခဲ့ပြီဖြစ်တာကြောင့် အပျိုကြီးဘဝနဲ့ ပဲ ဆက်လက်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ဖူးစာဆိုတာကတော့ ပြောလို့မရတာ ကြောင့် မကြာခင်မှာ နောက်ထပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်နဲ့ ဆုံဆည်းခွင့်ရပြီး ပျော်ရွှင်စွာဘဝကိုဖြတ်သန်းရပါစေလို့ချစ်ပရိသတ်တွေက ဆုတောင်းပေးလိုက်ပါအုန်းနော်။

သတင်းအရင်းအမြစ် - ဆောင်းအိန္ဒြေထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။