မူးယစ်ဆေးဝါး ဆိုလျှင် မည်သည့် မူးယစ်ဆေးဝါးကို မဆို သုံးစွဲလိုက်ပါက ဦးနှောက်နှင့် အာရုံကြောကို ထိခိုက် ထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ခန္ဓာကိုယ်ကို တနည်းနည်းဖြင့် အန္တရာယ်ဖြစ်ခြင်း တို့ ဖြစ်စေပါတယ်။ အဆိုပါ ဆေးဝါးကို စိတ်ရော ခန္ဓာကိုယ်ပါ စွဲလမ်းမှုဖြစ်ပြီး ဆက်လက်မသုံးစွဲဘဲ မနေနိုင်အောင် ဖန်တီးတတ်သော ဆေးဝါးမျိုး ဖြစ်ပါတယ်။ နောက်တစ်မျိုးအနေဖြင့် - Psychotropic Substance (စိတ်ကို ပြောင်းလဲစေသောဆေး) ခံစားမှု၊ အသိစိတ်နှင့်် အပြုအမူ အနေအထိုင်တို့ကို ပြောင်းလဲစေသော ဆေးများ ဖြစ်ပါတယ်။

စွဲစေတတ်သော ဆေးဝါးများ

၁) အရက် (Alcohol)

၂) စိတ်ကြွဆေး (Stimulant – Amphetamine, Dexamphetamine, Methamphetamine, Methylphenidate)

၃) အိပ်ဆေး၊ စိတ်ငြိမ်ဆေး (Tranquilizer – Barbiturates, Methaqualone, Diazepam)

၄) ဆေးခြောက် (Marijuana, Ganja, Hashish)

၅) ကိုကင်း (Crack – Cocaine)

၆) လှုံဆော်မှုအာရုံဖြစ်စေသောဆေး (Hallucinogen – Lysergic acid Diethylamide, Mescaline, psilocybine)

၇) ခတ် (Khat - Catha edulis)

၈) ဘိန်း (Oriate Tyre – Opium, Morphine, Codeine, Heroinn, Synethetic – Methadone, Pethidine)

၉) အငွေ့ပျံလွယ်သော ဆေးများ (Volatile Solvents Toluene, Acetone, Gasoline, Glue) တို့ ဖြစ်ကြပါသည်။

သုံးစွဲနည်း အမျိုးမျိုး

- ရှုခြင်း

- မျိုခြင်း/ သောက်ခြင်း

- ထိုးခြင်း - စသည့် နည်းလမ်းများဖြင့် အထက်ဖော်ပြပါ စွဲစေတတ်သော မူးယစ်ဆေးဝါးများကို အသုံးပြုလေ့ ရှိကြပါတယ်။

မူးယစ်ဆေးစွဲခြင်း (သို့မဟုတ်) ဆေးစွဲရောဂါ ခံစားရလျှင် စိတ်ဆန္ဒပြင်းပြလွန်းခြင်း၊ ဆေးသုံးစွဲမှုနှုန်းဖြစ်လာခြင်း၊ စွဲလမ်းမှုဖြစ်ပေါ်ခြင်း စတဲ့ အပြင် စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ မကောင်းမှု ဆိုးကျိုးများစွာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးစွဲခြင်း/ ဆေးစွဲရောဂါကြောင့် ရရှိလာသော အခြားသော ဆိုးကျိုးများကတော့ -မူးယစ်ဆေးစွဲခြင်းကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာအနေဖြင့် -

အသက်ရှု မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အာရုံကြော ထိခိုက်ခြင်း၊ အိပ်ပျော် သတိမေ့ခြင်း၊ ထုံကျဉ်အကြောသေခြင်း၊ အတက်ရောဂါ ဖြစ်ခြင်၊ အဆုပ်ရောဂါများဖြစ်ခြင်း၊ အသည်းရောဂါများဖြစ်ခြင်း၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ အနာစိမ်းပေါက်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါများ ဖြစ်ပွားခြင်း စသည်ဖြင့် ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

လူမှုရေးဆိုင်ရာအနေဖြင့် -

မိမိ၏ ဂုဏ်သိက္ဓာကျဆင်းခြင်း၊ မိမိအပေါ်တွင် ယုံကြည် အားထားမှု မရှိခြင်း၊ လေးစားမှု မခံရခြင်၊ ကြီးပွားတိုးတက်လိုစိတ် မရှိခြင်း၊ မိမိကြောင့် မိသားစုအတွင်း ပြသနာများဖြစ်ပေါ်ခြင်း၊ ရာဇဝတ်ဖြင့် မကင်းလွတ်ခြင်း၊ လူမှုပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများ ထိခိုက်ခြင်း စသည်ဖြင့် ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် မူးယစ်ဆေးစွဲခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲ အန္တရာယ်များကိုလည်း ဖြစ်ပေါ် ခံစားရ နိုင်ပါတယ်။

မူးယစ်ဆေးစွဲခြင်း/ ဆေးစွဲရောဂါကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အန္တရယ်များ

- စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ခံစားရခြင်း

- စိတ်ဓာတ်ကျရောဂါ ခံစားရခြင်း

- စိတ်ကျန်းမာရေးရောဂါ ခံစားရခြင်း

- မှတ်ဉာဏ်ချို့ယွင်းခြင်း

- မိသာစုးအပေါ်တွင် စိတ်ပျက်ခြင်း၊ အသိဉာဏ်မရှိတော့ခြင်း

- လိင်စိတ်အားနည်းခြင်း

- ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

မူးယစ်ဆေးစွဲခြင်း/ ဆေးစွဲရောဂါ အန္တရာယ်မှ လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းမှာ -

မည်သည့် မူးယစ်ဆေးဝါး အမျိုးအစားမျိုးကိုမဆို သုံးစွဲမှု မပြုရန် လိုက်နာခြင်းသာ ဖြစ်ပါတယ်။ လူငယ်၊ လူရွယ်များ အကြားတွင် လက်တည့်စမ်းချင်စိတ်ရှိကြတာကြောင့် ထိုသို့ မပြုလုပ်ကြရန်နှင့် ကြိုတင်ရှောင်ရှားနိုင်ရန် အရေးကြီးပါတယ်။ မိသားစုအားလုံးနှင့် ပတ်ဝန်းကျင် သူငယ်ချင်းများမှလည်း အားလုံးကူညီဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် အသက်အန္တရာယ်ရှိကြောင်းကို အထူးဂရုပြု နားလည်ရန်နှင့် မကောင်းမှန်းသိသောကြောင့် မူးယစ်ဆေးဝါး မသုံးမပြုမိဖို့ကို တိုက်တွန်းချင်ပါတယ်။ “မှားမှန်းသိလျှင် အမှန်ပြင်” ဆိုတဲ့ အတိုင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများအနေဖြင့်လည်း သုံးစွဲမှုနှုန်းကို တစ်နေ့ထက်တစ်နေ့ လျှော့ချရန်နှင့် လုံး၀ စွန့်လွှတ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။       

သတင်းအရင်းအမြစ် - မူးယစ်ဆေးဝါးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။