မကြာသေးခင် ရက်ပိုင်းက Project K အဖွဲ့ဝင် ထက်ဘုန်းနိုင်ရဲ့အကောင့် ကို 9MC ဟက်ကာအဖွဲ့ က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်းမှာယနေ့မှာတော့ အကောင့်ပြန်လည်ရရှိသွားပြီလို့ဆိုပါတယ်။ မွေးနေ့မှာ အကောင့်အသိမ်းခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း အဆိုပါ ဖြစ်ရပ်အတွက် စိတ်ပူနေခဲ့ကြတာပါ။

9MC ကတော့ ထက်ဘုန်းနိုင်ရဲ့ Fan sign တစ်ခုကိုသာ ယူဆောင်ပြီး ထက်ဘုန်းနိုင်ရဲ့ဝေးရာကို ထွက်ခါသွားပြီဖြစ်ပါတယ်။ အဆိုပါကိစ္စ ကို "Thz a lot per 9MC ... အခုလို ပြဿနာတစ်စုံတစ်ခုမှမရှာပဲ အကောင့်ကို Secutity မြှင့်ပေးပြီး ပြန်ပေးတဲ့အတွက်လည်းတစ်ကယ်ကိုကျေးဇူးပါဗျ ... ကျွန်တော့်အကောင့်လည်း ကျွန်တော့်လက်ထဲကိုပြန်ရောက်ပါပြီ ... အားလုံးဝိုင်းစိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူးပါဗျ " ဆိုပြီး ထက်ဘုန်းနိုင်ရဲ့ အကောင့်မှာတင်ထားတာ ကိုတွေ့ရှိရပါတယ်။ 

လတ်တလောမှာ Hard Training တွေကို အပြင်းအထန်လေ့ကျင့်နေရတဲ့ ထက်ဘုန်းနိုင်တစ်ယောက် အကောင့်ပြန်ရလို့အားရဝမ်းသာပျော်နေတာကိုလည်းမြင်တွေ့ရမှာပါ။ ပရိသတ်ကြီးရေ ဒီဝမ်းသာစရာသတင်းလေးကို တခြားသူတွေအတွက် မျှဝေပေးပါဦးနော်။

Source - Chan Myae Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။