ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ဇီဒန်းဟာ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တစ်ဦးက မေး မြန်းခဲ့တဲ့ ဆာလက်ကို ခေါ်ယူနိုင်ဖို့ ရော်နလ်ဒိုကို အလိုက်ပေးမှာလားဆိုတဲ့ မေခွန်းအပေါ်မှာ ရော်နလ်ဒိုကို ဘာနဲ့မှ မလဲနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ ကျနော်ပြိုင်ဘက် အသင်းရဲ့ ကစားသမားအကြောင်းကို မပြောချင်ပါဘူး ၊ ကျနော့အသင်းက ကစားသမားကိုပဲ ကျနော်စိတ်ဝင်စားပါတယ် 

တစ်ကယ်လို့ ခဗျားက ကျနော့ကို ဆာလက်နဲ့ ရော်လ်ဒိုကို လဲ လို့ရင် လဲမလားလို့ မေးရင် ကျနော့အဖြေကတော့ နိုးပါပဲ..ကျနော် ရော်နလ်ဒိုကိုပဲ ရွေးချယ်မှာပါ “ လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ် အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ဆာလက်ဟာ လာမယ့် အပြောင်းအရွှေ့ရာသီမှာ ရီးရဲလ်မက်ဒရစ်က အရခေါ်ယူသွားမယ်လို့ လည်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။  

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် ၂၇ရက်နေ့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ယူကရိန်းနိုင်ငံ ကိဗ်ယက်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်အပြောင်းအရွှေ့မှာ ဆာလက် ရီးရဲလ်မက်ဒရစ်ကို ရောက်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်ဗျာ..

Source : Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။