Myanmar Idol Season 2 ရဲ့Winner ဆုရှင်သားငယ်ကတော့ ဘဝရဲ့ ဆုလာဘ်တစ်ခုကို ပြသခဲ့ပါတယ်။ မိမိဘဝရဲ့ အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးအရာတစ်ခုဖြစ်ပြီး လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ 

ဒီကနေ့ သားငယ်ကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် ချစ်ဇနီးမောင်နှံ့နှစ်ယောက်အတူ "ဂုတ်ထိပ်" တံတားပေါ်ကို ရောက်ရှိနေကြောင်း အမှတ်တရဓာတ်ပုံများနှင့်အတူပြသထားတာတွေ့ရပါတယ်။ အဆိုပါဓာတ်ပုံများနှင့်အတူ

"ဇနီးဝဝကစ်ကစ်တစ်ယောက်

ပိုင်ဆိုင်ခွင့်ရတာဟာ မိမိဘဝအတွက်

လွန်စွာကြီးမားသော ဆုလာဘ်တစ်ခုပေတည်း" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။

ဇနီးအပေါ်ချစ်တဲ့ သားငယ်ရဲ့ စိတ်ကိုတော့ ပရိသတ်အားလုံးသိမယ်ထင်ပါတယ်။ ဒီကနေ့ မိမိဘဝရဲ့ အကြီးများဆုံးဆုလာဘ်ကြီးက ဘာလဲဆိုတာပြသခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒီကနေ့ ရိုက်ကူးပြသထားတဲ့ သားငယ်တို့ ဇနီးမောင်နှံ့ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Thar Ngal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။