လာမယ့် ဇွန်လ ၁၂ ရက်နေ့ မှာ ကျင်းပဖွယ် ရှိတဲ့ မြောက်ကိုးရီးယားနဲ့ သမိုင်းဝင် ထိပ်သီးညီလာခံဟာ ခိုင်မာတဲ့ အခွင့်အလမ်းတရပ် ဖြစ်တဲ့ တိုင်အောင် ဖြစ်ချင်မှ ဖြစ်တော့မယ် အမေရိကန် သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားအနေနဲ့ တင်ပြထားတဲ့ အချက်အလက်တွေကို ပြည့်မီမှ ထိပ်သီး ညီလာခံကို သတ်မှတ်ရက်မှာ ခေါ်ယူမှာမို့ အဆင်မပြေရင် တွေ့ဆုံမယ့် ရက်ကို ရွှေ့ဆိုင်းဖွယ်ရှိတယ်လို့ သမ္မတထရမ့် က တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်းနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောကြားခဲ့သလို အမေရိကန်ဘက်က လိုလားတဲ့ အချက်အလက်တချို့တင်ပြထားတာ ရမယ်လို့ ထင်သလို မရရင် ဆွေးနွေးပွဲ မဖြစ်နိုင်တော့ဘူးလို့ သမ္မတ ထရမ့်က ပြောကြားခဲ့တယ်လို့သိရပါတယ်။

လေ့လာအကဲခတ်သူတွေကတော့ အခု အချိန်မှာ အမေရိကန်ရော မြောက်ကိုးရီးယား ခေါင်းဆောင်ပါ ထိပ်သီးညီလာခံ ရှေ့ဆက်သွားဖို့ အရေးမှာ စွန့်စား ပေးဆပ်မှုတွေ များလာပြီ လို့ သုံးသပ်ထားကြသပြီး

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပေါ်မ်ပီအို ကတော့ ထိပ်သီး ညီလာခံ ပေါ်ပေါက်ရေးအတွက် မြောက်ကိုးရီးယားခေါင်းဆောင်က တောင်းဆိုခဲ့ တာဖြစ်လို့ သမ္မတထရမ့်က လက်ခံခဲ့တဲ့ အကြောင်း၊ ဒါကြောင့်မို့ နောင်မှာ ဖြစ်နိုင် ခြေ အလားအလာ ရှိပါတယ်လို့သတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

source -BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။