ပရိသတ်အားလုံးအချစ်တော် မင်းသမီး Song Hye Kyo ကတော့ သူနဲ့အေဂျင်စီတူတဲ့ မင်းသား Hyungsik အတွက် မုန့်နဲ့ကော်ဖီလှည်း ပို့ပေးခဲ့ပါတယ်..။

မင်းသား Hyungsik ကတော့ ဒါရိုက်တာရင်လို့ မြန်မာပရိသတ်တွေလူသိများတဲ့ နာမည်ကျော်မင်းသား Jang Dong Gun နဲ့အတူ 'Suits' ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး Song Hye Kyo က အဲ့ဒီဇာတ်ကားရိုက်ကွင်းကို သရေစာမုန့်နဲ့ ကော်ဖီလှည်း ပို့ပေးခဲ့တာပါ..။

Song Hye Kyo ကော်ဖီလှည်းပို့ပေးလိုက်တဲ့အကြောင်းလေးကိုတော့ မင်းသား Hyungsik က သူ့ရဲ့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်မှာ ဓာတ်ပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်..။

မေလ(၂၂)ရက်နေ့က မင်းသား Hyungsik က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဓာတ်ပုံလေးတွေနဲ့အတူ “ကျွန်တော်တို့ရဲ့ ချစ်စရာကောင်းပြီး ရက်ရောလှတဲ့ အစ်မ Song Hye Kyo က ကော်ဖီနဲ့မုန့်တွေ ပို့ပေးလိုက်ပါတယ်.. ကျွန်တော် ချစ်.. မှားလို့ ဂါရဝပြုလိုက်ပါတယ်..” ဆိုပြီး စနောက်ကာ ချစ်စဖွယ်ရေးသားတင်ထားတာ ဖြစ်ပါတယ်..။

မင်းသား Hyungsik ကတော့ သူ့ရဲ့ စီနီယာအစ်မဖြစ်တဲ့ မင်းသမီးချော Song Hye Kyo ပို့ပေးတဲ့ မုန့်နဲ့ကော်ဖီလှည်းကြောင့် စိတ်လှုပ်ရှားပျော်ရွှင်နေပုံပါပဲ..။

မင်းသမီး Song Hye Kyo နဲ့ မင်းသား Hyungsik တို့ကတော့ United Artists Agency က အနုပညာရှင်မောင်နှမနှစ်ဦးပဲ ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။