မြန်မာနိုင်ငံ အဓိက ထွက်ကုန်တစ်ခုဖြစ်တဲ့ ဆန်နဲ့ ဆံသား ပျက်စီးမှုတွေကို ကုသလို့ ရတယ်ဆိုရင် သင် မအံ့သြလိုက်ပါနဲ့။ ဒီကုထုံးနည်းက အရမ်းလွယ်ကူပြီး ငွေအကုန်အကျ အသက်သာဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ အများစု သိရှိနိုင်ရန်နှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့လူတိုင်းအိမ်မှာ ဆန်ဆေးကြပါတယ်။ ဆန်ဆေးရည်ကို ဆံပင်အတွက် ဘယ်လို အကျိုးရှိအောင် အသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

- ဆန် (၁)လုံး

- ရေ အနည်းငယ်

- အဖုံးပါသော ဗူး (တစ်ဗူး)

- ရေဖြန်းဗူး (spary bottle)

ဆံသားကုထုံးအတွက် ဆန်ဆေးရည် ပြုလုပ်နည်း

(၁) ဆန်ကို ရေအနည်းငယ် ထည့်ပြီး ဆေးပါ။ ပထမ ဆန်ဆေးရည်ကို သွန်ပစ်လိုက်ပါ။

(၂) ဒုတိယ အကြိမ်မျှ ထပ်ဆေးပါ။ နှံ့စပ်အောင် မွှေပါ။ မိနစ် ၃၀ ခန့် ထားပါ။

(၃) ထို့နောက် ဆန်ဆေးရည်နှင့် ဆန်ကို သပ်သပ် ခွဲထားလိုက်ပါ။

(၄) အဖုံးပါသော ဗူးထဲသို့ ဆန်ဆေးရည်ကို အရင်ထည့်ပါ။ ထို့နောက် ခပ်ထုတ်ထားသော ထိုဆန်ကို ဗူးထဲသို့ ဖြည်းဖြည်းချင်း ခပ်ထည့်ပါ။ တစ်ရက်ပြည့်အောင် အဖုံးအုပ်ထားပါ (၂၄ နာရီ ပြည့်အောင်ထားပါ) ဒါကို ဆန်ဆေးရည် အချဉ်ဖောက်တယ်လို့ ခေါ်လို့ပါတယ်။ အနံ့ တစ်ခုခုကိုလည်း သင်ခံစားမိပါလိမ့်မယ်။

အသုံးပြုပုံ အဆင့်ဆင့်

- အချဉ်ဖောက် ပြုလုပ်ထားသော ဆန်ဆေးရည် ကို ရေဖြန်းဗူး spray bottle ထဲသို့ ထည့်ပါ။

- ထို့နောက် ဆံပင်ကို ဖျန်းပါ။ နေရာအနှံ ဖျန်းပေးဖို့ မမေ့ပါနှင့်။

- ဘီးဖြင့် ဖြီးပေးပါ။ ဆံပင်များ ရှင်းသွားသည့်အပြင် ဆန်ဆေးရည်လည်း ဆံသားနှံ့သွားနိုင်ပါတယ်။

- မိနစ် ၂၀ ခန့် ဆံပင်ကိုပေါင်းထားပါ။

- ထို့နောက် အနံမပြင်းလွန်းသော၊ chemical နည်းလွန်းသော ခေါင်းလျှော်ရည်မျိုးကို အသုံးပြု၍ ခေါင်းလျှော်ပါ။

ထိုနည်းအတိုင်း အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဦးရေပြားကိုလည်း အေးမြစေတာကြောင့် ဆံသားအတွက် များစွာ အကျိုးရှိပါတယ်။ ထိုသို့ မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် ထူးခြားသိသာစွာ ကောင်းမွန်လှသော ဆံသားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆန်ဆေးရည်က ဆံသား၊ ဦးရေပြားနှင့် အရေပြားကို များစွာ အထောက်အကူပေးပါတယ်။

Source : YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။