အဆိပ်သွေးဇာတ်လမ်းဟာ လတ်တလောမှာ မြန်မာပရိသတ်တွေအကြား ရေပန်းစားနေတဲ့ အခန်းဆက် ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မုဏ်း၊ မင်းဦး ၊ ကျော်ဆု ၊ မို့မို့မြင်အောင် စတဲ့ သရုပ်ဆောင်တွေအားကောင်းကောင်းနဲ့ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ဆေးကုမ္ပဏီပိုင်ရှင်ကြီးတစ်ယောက်ရဲ့ ဖိတ်ကြားတောင်းဆိုမှုကြောင့် တောင်ပေါ်ဒေသက တောတွင်းတစ်နေရာကိုသွားပြီး ကင်ဆာပျောက်ကင်းနိုင်လောက်မဲ့ ဆေးဖော်စပ်ဖို့ စမ်းသပ်မှုတွေ ဆေးစစ်တာတွေ သွားလုပ်ကြပါတယ်။ အဲသူဌေးကြီးအိမ်မှာ တည်းခိုရင်းနဲ့ပါ။ ဒါပေမဲ့ ဟိုရောက်ပြီးမကြာခင်မှာပဲ အနီးအနားရွာက လူတွေ၊ တိရစ္ဆာန်တွေ ပျောက်တာ၊ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေ ပေါ်လာတာတွေနဲ့ ကြုံရာကစလို့ သေရေးရှင်ရေးဖြစ်လာပါတော့တယ်။ 

ပထမဆုံးပြောချင်တာက အဆိပ်သွေး ရဲ့ production quality က တော်တော်ကြီးကိုကောင်းနေပါတယ်။ Episode 1 ခုရဲ့ effort နဲ့ quality က "ရုပ်ရှင်ဇာတ်ကားကြီး" ဆိုတဲ့ခေါင်းစဉ်တပ်မယ်ဆိုရင်တောင် တပ်လို့ရနေပါပြီ ။ မိုးရွာလို့ ပြူတင်းပေါက်မှန်ကို ရေတွေလာစင်နေတယ်၊ အခန်းထဲမှာ လူတွေစကားပြောနေတာကို အဲမှန်ပြူတင်းပေါက်အပြင်က ရိုက်ပြထားတာမျိုး တော်တော်လေးကောင်းတဲ့ ရိုက်ချက်တွေပါတယ်။ lighting လည်း တော်တော်လေးကောင်းတယ်။ ညဘက် တောထဲမှာဆို ဇာတ်ကောင်တွေက ကွင်းပြင်လိုနေရာဖြစ်နေပေမဲ့ အနောက်က တောအုပ်ရဲ့ နောက်ဘက်က မီးထိုးထားလို့ တောအုပ် outline ကိုမြင်နေရတာမျိုးလေးတွေ အရမ်းမိုက်တယ်ရှင်။ 

စည့့် အနေနဲ့ တော်တော်လေးကို အထင်ကြီး မိတဲ့အခန်းကတော့ မြေအောက် စမ်းသပ်ခန်း (underground lab) တွေဘာတွေပါ ထည့်ထားတာကိုပါ။ ဒါတွေလည်း ပြီးစလွယ်ရိုက်ထားတာမဟုတ်ဘဲ ဆက်တင်တွေဘာတွေသေချာဆောက်ရိုက်ထားတာတွေပါပစ္စည်းတွေမှာလည်း toxic , medical equipment စတဲ့ sticker တွေ ကပ်ထားတာမျိုး အနုစိတ်လုပ်ထားတယ်။ Infection ကိစ္စမှာလည်း level တွေခွဲပြီး တော်တော်လေး detail ကျအောင် လုပ်ထားတာတွေတွေ့ရပါတယ်။အဆိပ်သွေး ဇာတ်လမ်းတွဲက နိုင်ငံတကာ ဇာတ်လမ်းတွဲတွေလောက်တော့ နီးနီးအားကောင်းတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ. ။ ဒီလိုမျိုး တော်တော်လေးကြိုးစားထားတဲ့ risk ယူထားတဲ့ ဇာတ်လမ်းတွဲမျိုး ထွက်လာတာလည်း ကြိုဆိုရမှာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း အခန်းတစ်ခုချင်းစီကို ရင်ခုန်စွာနဲ့ စောင့်မျှော်ရမှာဘဲဖြစ်ပါကြောင်း။

Source - အဆိပ်သွေး (Toxic)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။