ထိပ်ဆုံးမှာရပ်တည်နေတဲ့ အသင်းကတော့ ကမ္ဘာ့ဖလားမှာ သမိုင်းကြောင်းကောင်းနေတဲ့ ဘရာဇီးပဲဖြစ်ပါတယ်။ဘရာဇီးမှာတော့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ နေမာ ကော်တင်ဟို မာဆယ်လို ဖာမီနို ပေါ်လင်ဟို ဂျီးဆပ်တို့လိုကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး ဗိုလ်စွဲဖို့ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ဒုတိယအသင်းကတော့ ဂျာမနီပဲဖြစ်ပါတယ်။ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီက ဒုတိယနေရာမှာ ရှိနေတာ အံ့အားသင့်စရာပါ။ဂျာမနီကိုတော့ မူလာ အိုဇေး တိုနီခရု ဘိုတင်းတို့က ဦးဆောင်မှာဖြစ်ပါတယ်။တတိယနေရာမှတော့ အာဂျင်တီနားက ရေပန်းစားနေပါတယ်။အာဂျင်တီးနားမှာတော့ မက်ဆီ ဒီမာရီယာ အဂွဲရိုး ဒိုင်ဘာလာ တို့စတဲ့စကားသမားကောင်းတွေက ဦးဆောင်မှာပါ။

စတုတ္တနေရာမှာတော့ စပိန်ကတည်ရှိနေပါတယ်။စပိန်မှာတော့ ရာမိုစ့် ပီကေး အင်နီယေစတာ အစ္စကို ကော်စတာ ဗာစကွက်တို့က ဦးဆောင်နေပါတယ်။ပဉ္စမနေရာမှာတော့ ပြင်သစ်ပဲဖြစ်ပါတယ်။ဇီဒန်းတို့ခေတ်အပြီးမှာ လူငယ်တွေနဲ့ ပြန်လည်ထွန်းတောက်လာတာဖြစ်ပါတယ်။ပြင်သစ်မှာတော့ ပေါ့ဘာ ကန်တီ ဂရဂ်စမန်း ဒမ်ဘီလီ အမ်ဘတ်ပီ စတဲ့ လူငယ်ကစားသမားတွေနဲ့ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

photo : google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။