လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတဲ့ အစ္စဏီရဲ့ရုံးထုတ်တရားခွင် ကို တရားလိုဖြစ်သူ စူးရှထက် (ခေါ်) မဇာခြည်ဌေး လာရောက်ခြင်း မရှိတဲ့အတွက် ရုံးချိန်းကို လာမယ့်သောကြာနေ့1.6.2018 ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ရပါတယ်။ အခုလို တရားလိုမလာရောက်ခြင်း အပေါ်မှာ မေးခွန်းတွေများစွာ ထွက်ပေါ်နေကြောင်းသိရပါတယ်။  

တရားလို စူးရှထက်အနေဖြင့် သူမအပေါ် အွန်လိုင်းစာမျက်နှာများပေါ်တွင် သိက္ခာချ ဝေဖန်ထိုးနှက်ခြင်းများပြုလုပ်ခြင်း၊ တရားရုံးရှေ့တွင် စိတ်မချရတဲ့ အမျိုးသမီးအုပ်စုတစ်စု ကြိုတင်စောင့်ဆိုင်းနေကြခြင်း စသည့်အချက်များကြောင့် ယခင် ရမန်ရုံးမထုတ်ခင်အချိန်ကတည်းက သူမ၏လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံသို့ စာဖြင့်ရေးသားအကူအညီတောင်းထားကြောင်းသိရပါတယ်။လုံခြုံရေးအရ စိုးရိမ်စရာများစွာရှိနေခြင်း ၊ ရုံးတော်ရှေ့တွင် လာရောက်ထွက်ဆိုပေးရန် သူမ၏ လုံခြုံရေးပိုင်းဆိုင်ရာစိတ်မချခြင်းတို့အတွက် စူးရှထက် အနေနဲ့ တရားခွင်သို့လာရောက်ထွက်ဆိုမဝံ့ကြောင်း ။ထို့ကြောင့် ယနေ့တရားခွင်သို့မလာရောက်ခြင်းဖြစ်ကြောင်း ကို တရားရုံးနှင့်နီးစပ်သောအသိုင်းအဝိုင်းမှ ကြားသိရပါတယ်။

သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ သူမ၏လုံခြုံရေး အတွက် အကာအကွယ်၊ အကူအညီမပေးသမျှကာလပတ်လုံး စူးရှထက် လာရောက်ထွက်ဆိုမည်မဟုတ်ကြောင်း သူမနှင့်နီးစပ်သူများမှ ပြောဆိုထားပါတယ် ။တရားလို စူးရှထက် အနေဖြင့် အမှုတွင်လိုက်ပါဆောင်ရွက်မည့်ရှေ့နေများကို တရားဝင် ကိုယ်စားလှယ်လွှဲစာရေးသားထားခြင်း၊ အကြောင်းကြားထားခြင်း မရှိသေးကြောင်း၊ သူမအနေဖြင့်တရားခွင်တွင်လာရောက်ထွက်ဆိုနိုင်အောင်လုံခြုံရေးအကူအညီတောင်းထားခြင်းသတင်းကိုသာကြားသိရကြောင်းသူမနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှကြားသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။