ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကုန်းဘောင် ရွာမှာ ရပ်ဓလ့ ရွာဓလေ့ ပွဲတော်ဖြစ်တဲ့ အမျိုးအဆွေရွာလည်ပွဲ ကိုမေလ ၁၉ရက်နဲ့ ၂၀ရက်တွေမှာကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်။ကုန်းဘောင်ရွှာဟာ ရမ်းဗြဲမြို့နဲ့ ငါးမိုင် ခန့်ကွာဝေးပြီးတော့ လူဦးရေ ၁၀၀၀ကျော် ခန့်ရှိတဲ့ရွာတစ်ရွာဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းကို အဓိကထား ပြီးလုပ်ကိုင်နေတဲ့ရွာလေးတစ်ရွာလည်းဖြစ်ပါတယ်။

အမျိုး အဆွေရွာလည်ပွဲကိုနှစ်တိုင်း ကျင်းပပေမယ့် ဒီနှစ်မှာတော့ လူသိများလာတာကြောင့်ပိုပြီးစည်ကားတဲ့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တက်ရောက်အားပေးခဲ့ပြီး အလှူငွေများလည်းပေးအပ်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။

အတိတ်ကမည်သို့ပင်ဖြစ်စေကာမူ လက်ရှိမှာ တစ်ဦးနှင့်တစ်ဦး တစ်မိသားစုနဲ့တစ်မိသားစု မည်မျှအထိ ချစ်ကြည်နေပြီလဲဆိုတာ ပြသတဲ့ပွဲတော်ငယ်လေးတစ်ခုပါ။ကုန်ဘောင်ရွာဟာ မြောက်ဦးခေတ်ကတည်းက တည်ရှိနေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။ ကျူးကျော်လာတဲ့နယ်ချဲ့ရန်ကို ညီညီညွတ်ညွတ်အသက်ပေးကာကွယ်ခဲ့တဲ့ရွာလေးလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ရခိုင်ပြည်က ထူးဆန်းတဲ့ပွဲတော် တစ်ခုကို တင်ပြလိုက်ရပါတယ်။

photo scoure: ရမ္မာမြေသတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။